Connect with us

Hi, what are you looking for?

News

မီတာခမဆောင်လို့ ဆိုကာ မန္တလေးမြရည်န္ဒာအိမ်ရာကတိုက်ခန်းတွေကို မီးဖြတ်နေ

လူထုဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီအခွန်မရအောင် မီတာမဆောင်တဲ့နည်းနဲ့ အာဏာဖီဆန်နေကြတာပါ။

(ပြီးခဲ့တဲ့လပိုင်းက မန္တလေးမြို့တွင်းမှာ မီးဖြတ်တာကိုလုံခြုံရေး လိုက်ယူပေးတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်)

မီတာမဆောင်လို့ဆိုကာ မန္တလေး ၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာ က တိုက်ခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်းကစပြီး မီးလိုက်ဖြတ်နေတယ်လို့ သိရပါတယ်။

မြရည်နန္ဒအိမ်ရာမှာ နေထိုင်သူအားလုံးနီးပါး မီတာမဆောင်ကြတာလို့ အဲဒီအိမ်ရာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခန်းတွေဆီ ဆက်သွယ်ထားတဲ့ မီးကြိုးကိုဖြုတ်သွားတယ်လို့ သိရပါတယ်။

လူထုဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီအခွန်မရအောင် မီတာမဆောင်တဲ့နည်းနဲ့ အာဏာဖီဆန်နေကြတာပါ။

Public Service Announcement

Public Service Announcement

ဒါကို စစ်ကောင်စီက မီးဖြတ်တဲ့နည်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါအပြင် လက်ရှိအခြေအနေမှာ မီးကို နေ့စဉ်အလှည့်အကျနဲ့ပေးနေတာပါ။

လူူထုက မီတာမဆောင်တဲ့အတွက် စစ်ကောင်စီဟာအမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ဝင်ငွေ ထိခိုက်နေတယ်လို့ ဂျပန်သတင်းဌာနကြီး Nikkei က ပြီးခဲ့တဲ့လပိုင်းကရေးသားဖော်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook