Connect with us

Hi, what are you looking for?

LuduNwayOo

News

မီတာခမဆောင်လို့ ဆိုကာ မန္တလေးမြရည်န္ဒာအိမ်ရာကတိုက်ခန်းတွေကို မီးဖြတ်နေ

လူထုဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီအခွန်မရအောင် မီတာမဆောင်တဲ့နည်းနဲ့ အာဏာဖီဆန်နေကြတာပါ။

(ပြီးခဲ့တဲ့လပိုင်းက မန္တလေးမြို့တွင်းမှာ မီးဖြတ်တာကိုလုံခြုံရေး လိုက်ယူပေးတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်)

မီတာမဆောင်လို့ဆိုကာ မန္တလေး ၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာ က တိုက်ခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်းကစပြီး မီးလိုက်ဖြတ်နေတယ်လို့ သိရပါတယ်။

မြရည်နန္ဒအိမ်ရာမှာ နေထိုင်သူအားလုံးနီးပါး မီတာမဆောင်ကြတာလို့ အဲဒီအိမ်ရာမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခန်းတွေဆီ ဆက်သွယ်ထားတဲ့ မီးကြိုးကိုဖြုတ်သွားတယ်လို့ သိရပါတယ်။

လူထုဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီအခွန်မရအောင် မီတာမဆောင်တဲ့နည်းနဲ့ အာဏာဖီဆန်နေကြတာပါ။

Public Service Announcement

Public Service Announcement

ဒါကို စစ်ကောင်စီက မီးဖြတ်တဲ့နည်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါအပြင် လက်ရှိအခြေအနေမှာ မီးကို နေ့စဉ်အလှည့်အကျနဲ့ပေးနေတာပါ။

လူူထုက မီတာမဆောင်တဲ့အတွက် စစ်ကောင်စီဟာအမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ဝင်ငွေ ထိခိုက်နေတယ်လို့ ဂျပန်သတင်းဌာနကြီး Nikkei က ပြီးခဲ့တဲ့လပိုင်းကရေးသားဖော်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။