Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့မှ KBZ ဘဏ်ခွဲတစ်ခုတွင် မိုင်း​ပေါက်ကွဲ

“မြင်းခြံမှာ စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ရရာနေရာကနေ တိုက်ခိုက်ချေမှုန်းပစ်မှာပါဗျ။ ကျွန်တော်တို့ကတော့ စကစနဲ့ဆက်နွယ်တာ မှန်သမျှတော်လှန်ချေမှုန်းနေမှာပါ။”ဟု MGN Ranger အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(ဧပြီလ ၁၈ ရက်နေ့က ပေါက်ကွဲခဲ့သည့် မြင်းခြံမြို့ရှိ KBZ ဘဏ်ခွဲတစ်ခု ။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ယနေ့နံနက်ပိုင်းကအာဏာသိမ်း စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် က​​မ္ဘောဇ-KBZ ဘဏ်ခွဲတစ်ခုမိုင်းခွဲခံရကြောင်း ဒေသခံများက ပြောသည်။

KBZ ဘဏ်သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူများ၏ ဘဏ်အကောင့်များကို သတင်းအချက် အလက် သက်သေမရှိဘဲ လက်လွတ်စပယ် Freeze လုပ်ခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း၊ မိမိတို့ MGN Ranger အနေဖြင့် သတိပေးစာထုတ်ပြန်ပြီး ဖြစ်သော်လည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် ယနေ့နံနက် ၆ နာရီ ၁၅မိနစ် အချိန်တွင် မြင်းခြံမြို့ရှိ KBZ ဘဏ်ခွဲ ၃ အား မိုင်းတစ်လုံးခွဲ၍ ထပ်မံသတိပေးလိုက်ကြောင်း မြင်းခြံ MGN Ranger အဖွဲ့က သတင်းထုတ်ပြန်သည်။

“မြင်းခြံမှာ စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ရရာနေရာကနေ တိုက်ခိုက်ချေမှုန်းပစ်မှာပါဗျ။ ကျွန်တော်တို့ကတော့ စကစနဲ့ဆက်နွယ်တာ မှန်သမျှတော်လှန်ချေမှုန်းနေမှာပါ။”ဟု MGN Ranger အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

နောက်နောင်တွင်လည်း စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်သည့် မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် သက်မှတ်ပြီး တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း MGN Rangerက သတိပေးသည်။

Public Service Announcement

Public Service Announcement

ATMစက် ၄ လုံးတွဲရှိသည့်အနက် ၂လုံးနှင့် ပတ်ချာလည်မှန်များ ကွဲသွားကြောင်း၊ ထိုစက်များအား မိုးကာများအုပ်ထားကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

မြင်းခြံမြို့နယ်သည် မန္တ​လေးတိုင်းတွင်အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်နေသည့် အားအကောင်းဆုံးမြို့နယ်တစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များလည်းဖြတ်တောက်ခံထားရသည်မှာ နှစ်ဝက်ခန့်ရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၁၈ ရက်ကလည်း မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ KBZ ဘဏ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ဆုံရွာမှစစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ထော်လာဂျီ နှင့် ဆိုင်ကယ်များကိုPFများကပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းကယ​နေ့ညတွင်ထုတ်ပြန်သည်။