Connect with us

Hi, what are you looking for?

News

ကရင်နီတပ်မတော်နှင့်နယ်စပ်တွင်တိုက်ပွဲဖြစ်၍စစ်ကောင်စီတပ်မှ ဗိုလ်ကြီး​အောင်မင်းဦးအပါအဝင်အနည်းဆုံး ၇ဦးသေ

မြန်မာ- ထိုင်းနယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၃ရက်ကနာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီတပ်မှသေဆုံးခဲ့သည့် အရာရှိမှာဗိုလ်ကြီး အောင်မင်းဦးဆိုသူ ဖြစ်ကြောင်းဖော်ပြထားသည်။ တိုက်ပွဲတွင် ကရင်နီတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ကရင်နီတပ်မ​တော်သားများ။ ဓါတ်ပုံ-KAC)

ကရင်နီတပ်မတော်(KA)နှင့် စစ်ကောင်စီတပ်တို့ မြန်မာ-ထိုင်းနယ်စပ် တစ်နေရာ၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ဦးအပါအဝင် ၇ဦးသေဆုံးပြီး၄ဦးဒဏ်ရာရခဲ့သည်ဟု Karenni Army Center က ဖော်ပြသည်။

မြန်မာ- ထိုင်းနယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၃ရက်ကနာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီတပ်မှသေဆုံးခဲ့သည့် အရာရှိမှာဗိုလ်ကြီး အောင်မင်းဦးဆိုသူ ဖြစ်ကြောင်းဖော်ပြထားသည်။ တိုက်ပွဲတွင် ကရင်နီတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကရင်နီတပ်မတော် အနေဖြင့် ဇန်နဝါရီလဆန်းကလည်း နယ်စပ်တစ်နေရာရှိစစ်ကောင်စီတပ်စခန်းကိုစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်မှ ၃၂ ဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ၁၀ဦး လက်နက်ချအဖမ်းခံခဲ့သည်။စစ်ကောင်စီတပ်ကအဆိုပါ တပ်စခန်းကိုလေကြောင်းမှတုံ့ပြန်တိုက်ခိုက်ခဲ့၍ ကရင်နီတပ်မတော်မှ ၂ ဦးအပါအဝင်ဖမ်ဆီးခံထားရသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ