Connect with us

Hi, what are you looking for?

News

စီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးရန် သြစတြေးလျ ထပ်မံတောင်းဆို

မစ္စတာရှောင်တာနဲလ်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည်မှာ ယနေ့ တစ်နှစ်ပြည့်မြောက်ပြီး ၎င်းကို ဖမ်းဆီးထားခြင်းက တရားမျှတမှုမရှိဘဲ ၎င်းအပေါ် စွပ်စွဲထားမှုများအပေါ် သြစတြေးလျအစိုးရက လက်မခံကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(​မစ္စတာရှောင်တာနဲလ်ကို ၂၀၂၁ ဇူလိုင်၂၈ရက်က အင်းစိန်အကျဥ်း​ထောင်အတွင်း၌ ကိုဗစ်ကာကွယ်​ဆေးထိုး​ပေးခဲ့သည်)

သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ၆ ရက်)တွင် ထုတ်ပြန်လိုက်သည်။

မစ္စတာရှောင်တာနဲလ်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည်မှာ ယနေ့ တစ်နှစ်ပြည့်မြောက်ပြီး ၎င်းကို ဖမ်းဆီးထားခြင်းက တရားမျှတမှုမရှိဘဲ ၎င်းအပေါ် စွပ်စွဲထားမှုများအပေါ် သြစတြေးလျအစိုးရက လက်မခံကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ပါမောက္ခရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကျွန်ုပ်တို့ ထပ်လောင်းတောင်းဆိုပါတယ်။ ဒါမှသာ သူဟာ သူ့မိသားစုနဲ့အတူရှိနိုင်ဖို့ သြစ​တြေးလျပြန်လာနိုင်ပြီး သူ့အခွင့်အရေးတွေနဲ့ လူမှုဖူလုံရေးတွေကို ခံစားရရှိနိုင်မှာပါ”ဟု သြတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်သည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ သြစတြေးလျသံရုံးနှင့် ကမ္ဘာတဝန်းရှိ သြစတြေးလျတာဝန်ရှိသူများက ပါမောက္ခရှောင်တာနဲလ်လွတ်မြောက်ရေး ကြိုးပမ်းလုပ်ဆောင်နေပြီး ၎င်း၏ အမှုကို ဖိအားပေးနိုင်ရေး မိတ်ဖက်နိုင်ငံများ၊ ဒေသတွင်း အရေးပါသည့်နိုင်ငံများနှင့် ဆက်လက်လုပ်ဆောင်မည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်း မစ္စတာရှောင်တာနဲလ်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ရှိတွင် နေပြည်တော်အထူးတရားရုံး၌ စစ်ဆေးနေသည်။

မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်လာချိန်အထိ အကြမ်းဖက်စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူခြင်းမရှိသည့် ဒေသတွင်း အင်အားကြီး ဒီမိုကရေစီ ၄ နိုင်ငံတွင် သြစတြေးလျပါဝင်သည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကစ၍ ထောင်နှင့်ချီသော တရားလက်လွှတ်ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသားများ ပြန်လွှတ်ပေးရေး လုံးဝမပါရှိပေ။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။