Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး လက်တွဲဆောင်ရွက်လိုကြောင်း NUGက ရှမ်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ ဖိတ်ခေါ်

(၇၅)နှစ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဦးဆောင်ပြီး ကျေးသီးမြို့နယ် ဝမ်ဟိုင်း၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ - SSPP Info

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားပြည်သူများ အားလုံးသည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် စုစည်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းဖိတ်ခေါ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က (၇၅)နှစ်မြောက် ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)သို့ သဝဏ်လွှာပေးပို့သည်။

(၇၅)နှစ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဦးဆောင်ပြီး ကျေးသီးမြို့နယ် ဝမ်ဟိုင်း၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ – SSPP Info

ယခုအချိန်သည် စစ်အာဏာသိမ်းယူမှုကို အကြမ်းမဖက် ဆန့်ကျင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားများစွာအပေါ် အကြမ်းဖက်နှိမ်နင်းခြင်း၊ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ ၏အသက်အိုးအိမ်ကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသားနယ်မြေများတွင် အလွန်အကျွံစစ်အင်အားဖြင့် ထိုးစစ်ဆင်ခြင်းနှင့် ပြည်သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းအစရှိသည်တို့ကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် ကျုးလွန်လျက်ရှိပြီးပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့်ခုခံတွန်းလှန်နေကြရချိန်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းနှင့် ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ရှမ်းလက်နက်ကိုင် အဖွဲ့များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့အနေဖြင့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ဆောင်ရွက်ခြင်းမရှိသေးဘဲ ၎င်းတို့ အချင်းချင်းကြား၌သာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။