Connect with us

Hi, what are you looking for?

News

ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို စစ်​ကောင်စီက ပြန်လွှတ်မ​ပေးသေး

အကြမ်းဖက်စစ်ကောင်စီက မစ္စတာရှောင်တာနဲလ်ကို ဖမ်းဆီးထားသည်မှာ ဖေဖော်ဝါရီ ၆ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီး ယင်းနှစ်ပတ်လည်နေ့တွင် ၎င်းကို ချက်ချင်းပြန်လွှတ်ပေးရန် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးခြင်း မရှိသေး ကြောင်း အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက စစ်​ကောင်စီထုတ်ပြန်​သောသတင်းများကိုအသား​ပေး​ဖော်ပြ​လေ့ရှိသည့် ပြည်တွင်းသတင်းဌာနအချို့ကို အတည်ပြုပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ကြားဝင်ဆောင်ရွက်ပေးမှုအပြီး မြန်မာစစ်ကောင်စီက မစ္စတာရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ကြောင်း Khmer Times သတင်းဌာနက ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) ဖော်ပြခဲ့သော်လည်း နာရီပိုင်း အကြာတွင် ပြန်လည်ဖြုတ်ချသွားသည်။

အကြမ်းဖက်စစ်ကောင်စီက မစ္စတာရှောင်တာနဲလ်ကို ဖမ်းဆီးထားသည်မှာ ဖေဖော်ဝါရီ ၆ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီး ယင်းနှစ်ပတ်လည်နေ့တွင် ၎င်းကို ချက်ချင်းပြန်လွှတ်ပေးရန် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သတင်းရင်းမြစ်အချို့၏အဆိုအရ မစ္စတာရှောင်တာနဲလ်ကို အကြမ်းဖက်စစ်ကောင်စီက လာမည့် ပြည်ထောင်စုနေ့(ဖေဖော်ဝါရီ ၁၂ ရက်)တွင် ပြန်လွှတ်ပေးနိုင်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

မစ္စတာရှောင်တာနဲလ်သည်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်းဖြစ်ပြီး ၎င်းကို ဖမ်းဆီးပြီးနောက် အစိုးရလျှို့ဝှက်ချက် ဥပဒေ ပုဒ်မဖြင့် အကြမ်းဖက်စစ်ကောင်စီက တရားစွဲဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။