Connect with us

Hi, what are you looking for?

News

လာမယ့်ရက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက NLD ပါတီကို စစ်ဆေးမယ်

လက်ရှိအချိန်ထိ ပါတီ ၆၇ ပါတီကို စစ်ဆေးပြီးပြီလို့သိရပါတယ်။ စစ်ဆေးရာမှာပါတီဝင်အင်အား ၊ ပါတီရန်ပုံငွေကြေးတွေကိုစစ်ဆေးတာတွေ လုပ်တယ်လို့လည်းသိရပါတယ်။

အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ရုံးချုပ်ကို စစ်ကောင်စီတပ် ညဘက်ဝင်စီးစဉ် (ပုံဟောင်း)

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုလာမယ့်ရက်သတ္တပတ်အတွင်း စစ်ဆေးမှုလုပ်မယ်လို့ ကြေညာလာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင်ကိုအသစ်ပြန်လည်ဖွဲ့စည်းကာ ပါတီတွေကို စစ်ကောင်စီက စစ်ဆေးခိုင်းနေတာပါ။

လက်ရှိအချိန်ထိ ပါတီ ၆၇ ပါတီကို စစ်ဆေးပြီးပြီလို့သိရပါတယ်။ စစ်ဆေးရာမှာပါတီဝင်အင်အား ၊ ပါတီရန်ပုံငွေကြေးတွေကိုစစ်ဆေးတာတွေ လုပ်တယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီဟာ NLD ပါတီကို ဖျက်သိမ်းဖို့အတွက်အကြောင်းပြချက်ပေးကောင်းအောင် ပါတီတွေကို စစ်ဆေးဟန်ပြုတာလို့ နိုင်ငံရေးလေ့လာသူအချို့က မှတ်ချက်ပြုထားကြပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာ မြဝတီက ထုတ်လွှင့်တဲ့ စစ်ကောင်စီလိုလားသူတွေရဲ့ စကားဝိုင်းတွေမှာ NLD ပါတီကို ဖျက်သိမ်းသင့်ကြောင်း ဆွေးနွေးတာတွေရှိနေပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် NLD ခေါင်းဆောင်ပိုင်းတွေ ၊အမတ်တွေ ၊ ဝန်းရံသူတွေကို ဖမ်းဆီးထောင်ချ တာတွေအပြင် ပါတီရုံးတွေကို ဝင်ရောက်ရှာဖွေတာတွေ ၊ ချိတ်ပိတ်တာတွေကိုအဆက်မပြတ်လုပ်ဆောင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။