Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ပိုင်ထီးတန်းဆိပ်ကမ်း ကိုအသုံံးပြုမှု ထိုင်ဝမ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးကုမ္ပဏီကြီး ရပ်ဆိုင်း

Everygreen ကုမ္ပဏီကြီးဟာ လူ့အခွင့်အရေးချိုးဖောက်မှုကိုတွေကျုးလွန်နေတဲ့စစ်တပ် ပိုင် ဆိပ်ကမ်းကို အသုံးပြုတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလအတွင်း Dirty List စာရင်းသွင်းခံလိုက်ရပါတယ်။

ထိုင်ဝမ်အခြေစိုက် ကမ္ဘာ့စတုတ္တအကြီးဆုံးရေကြောင်းကုန်စည်ပို့ဆောင်ရေးကုမ္ပဏီကြီး Evergreen ဟာ စစ်တပ်ပိုင် ထီးတန်းဆိပ်ကမ်းကို ဆက်လက်အသုံးမပြုတော့ဘူးလို့သိရပါတယ်။

ရန်ကုန်မှာရှိတဲ့ ထီးတန်းဆိပ်ကမ်းကို အသုံးမပြုတော့တဲ့အကြောင်းကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ထံ Evergreen ကုမ္ပဏီကြီးက အကြောင်းကြားလာတာပါ။

Everygreen ကုမ္ပဏီကြီးဟာ လူ့အခွင့်အရေးချိုးဖောက်မှုကိုတွေကျုးလွန်နေတဲ့စစ်တပ် ပိုင် ဆိပ်ကမ်းကို အသုံးပြုတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလအတွင်း Dirty List စာရင်းသွင်းခံလိုက်ရပါတယ်။

အခုတော့ အဲဒီကုမ္ပဏီကြီးကို ဖယ်ရှားပေးလိုက်ပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ကမ္ဘာ့ရေကြောင်းကုန်စည်ပို့ဆောင်ရေးကုမ္ပဏီကြီး Maersk ဟာ စစ်တပ်ပိုင် ဆိပ်ကမ်းတွေကိုအသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာရှိပါတယ်။

ရန်ကုန်မှာ စစ်တပ်ပိုင်တဲ့ ဆိပ်ကမ်းဟာ ၃ ခုရှိပြီး ထီးတန်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၊ အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနဲ့ TMT အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်မှာ နောက်ဆုံး လှုပ်ခတ်ဖူးတဲ့ အင်အားပြင်း ငလျင်ကြီးကတော့ ၁၉၉၉ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၆ အဆင့် ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့သလို အဆောက်အအုံ ၅၀၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ထိုင်ဝမ်မှာ ငလျင်ကြောင့် ဖြစ်ပွားတဲ့ မြေပြိုမှုတွေနဲ့ ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။