Connect with us

Hi, what are you looking for?

News

မန္တလေးတွင် သပိတ်ခေါင်းဆောင်နှစ်ဦးနှင့် အလွတ်တန်းသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူများမှာ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်းတို့သည် မြေပြင်သပိတ် တက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့က အလွတ်တန်း သတင်းထောက်များ ဖြစ်ကြသည်။

ဖမ်းဆီးခံ လူငယ်များ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်စိုးရိမ်ရ

မန္တလေးမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရိ ၉) ညနေပိုင်း၌ အကြမ်းဖက် စစ်ကောင်စီဝင်များက သပိတ်ခေါင်းဆောင်နှစ်ဦးနှင့် အလွတ်တန်း သတင်းထောက်နှစ်ဦးတို့ကို မတရား ဖမ်းဆီးသွား ကြောင်း မန္တလေး စုပေါင်း သပိတ်အင်အားစုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၆နာရီခွဲဝန်းကျင်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်ကို အကြမ်းဖက် စစ်ကောင်စီ ဝင်များက ဝင်ရောက်စီးနင်းပြီး ယင်းလူငယ် လေးဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်းတို့သည် မြေပြင်သပိတ် တက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့က အလွတ်တန်း သတင်းထောက်များ ဖြစ်ကြသည်။

Public Service Announcement

Public Service Announcement

” သူတို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးရမိစဉ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်၊ နှိပ်စက်၊ ထိုးကြိတ်ခံခဲ့ရကြောင်း သိရပါတယ်။ အခု သူတို့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလဲ မသိရသလို အားလုံးနဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေပါတယ်။ သူတို့အားလုံးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံရချိန်ထိ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်လှတဲ့ လူငယ်များ ဖြစ်ကြပါတယ်။ ဒီလူငယ်များအနေနဲ့ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက် မှုများကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုတွေ ခံရမှာကိုအလွန်ပဲ စိုးရိမ်နေကြပါတယ်” ဟု မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်သည်။

ထို့အပြင် “အဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တာဝန်ယူ/တာဝန်ခံရမှာဖြစ်ပြီး ဒီရဲဘော်များရဲ့ မိသားစုဝင်များကလည်း သူတို့နဲ့ အမြန်ဆုံးအဆက်အသွယ်ရရှိဖို့ တောင်းဆို မျှော်လင့်နေကြကြောင်း သိရပါတယ်။ ကျွန်တော် တို့ရဲဘော်များရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို အထူးစိုးရိမ်ပူပန်လျက်ရှိကြပြီး သူတို့နဲ့ သက်ဆိုင်ရာမိသားစု/ပုဂ္ဂိုလ်များ အမြန်ဆုံး အဆက်အသွယ်ရနိုင်ဖို့ လေးနက်စွာ တောင်းဆိုအပ်ပါတယ်”ဟု ဆက်လက်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။