Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးတွင် သပိတ်ခေါင်းဆောင်နှစ်ဦးနှင့် အလွတ်တန်းသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူများမှာ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်းတို့သည် မြေပြင်သပိတ် တက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့က အလွတ်တန်း သတင်းထောက်များ ဖြစ်ကြသည်။

ဖမ်းဆီးခံ လူငယ်များ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်စိုးရိမ်ရ

မန္တလေးမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရိ ၉) ညနေပိုင်း၌ အကြမ်းဖက် စစ်ကောင်စီဝင်များက သပိတ်ခေါင်းဆောင်နှစ်ဦးနှင့် အလွတ်တန်း သတင်းထောက်နှစ်ဦးတို့ကို မတရား ဖမ်းဆီးသွား ကြောင်း မန္တလေး စုပေါင်း သပိတ်အင်အားစုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၆နာရီခွဲဝန်းကျင်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်ကို အကြမ်းဖက် စစ်ကောင်စီ ဝင်များက ဝင်ရောက်စီးနင်းပြီး ယင်းလူငယ် လေးဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်းတို့သည် မြေပြင်သပိတ် တက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့က အလွတ်တန်း သတင်းထောက်များ ဖြစ်ကြသည်။

Public Service Announcement

Public Service Announcement

” သူတို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးရမိစဉ်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်၊ နှိပ်စက်၊ ထိုးကြိတ်ခံခဲ့ရကြောင်း သိရပါတယ်။ အခု သူတို့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလဲ မသိရသလို အားလုံးနဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေပါတယ်။ သူတို့အားလုံးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံရချိန်ထိ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်လှတဲ့ လူငယ်များ ဖြစ်ကြပါတယ်။ ဒီလူငယ်များအနေနဲ့ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက် မှုများကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုတွေ ခံရမှာကိုအလွန်ပဲ စိုးရိမ်နေကြပါတယ်” ဟု မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်သည်။

ထို့အပြင် “အဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တာဝန်ယူ/တာဝန်ခံရမှာဖြစ်ပြီး ဒီရဲဘော်များရဲ့ မိသားစုဝင်များကလည်း သူတို့နဲ့ အမြန်ဆုံးအဆက်အသွယ်ရရှိဖို့ တောင်းဆို မျှော်လင့်နေကြကြောင်း သိရပါတယ်။ ကျွန်တော် တို့ရဲဘော်များရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို အထူးစိုးရိမ်ပူပန်လျက်ရှိကြပြီး သူတို့နဲ့ သက်ဆိုင်ရာမိသားစု/ပုဂ္ဂိုလ်များ အမြန်ဆုံး အဆက်အသွယ်ရနိုင်ဖို့ လေးနက်စွာ တောင်းဆိုအပ်ပါတယ်”ဟု ဆက်လက်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။