Connect with us

Hi, what are you looking for?

News

ကျောက်ထုနယ်ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို YDF ကြားဖြတ်တိုက်ခိုက်

တိုက်ပွဲအတွင်းပဒေသာမိုင်း (၁၅)လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ချိန် မိနစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့သည်။

မကွေးတိုင်း ကျောက်ထုမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Yaw Defence Forceမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အင်အား ၃၀၀ကျော်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကား(၁၆)စီးဖြင့် ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ကို ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဆော-ကျောက်ထု လမ်းပိုင်းတစ်နေရာ (လုံခြုံရေးအရ ဖော်ပြ၍ မရ)မှာ YDF (Saw&Kyaukhtu) ရဲဘော်တွေလေး ရက်တိတိကင်းစောင့်ပြီး ဒီနေ့ မနက် ၁၁နာရီလောက်မှာတိုက်ခိုက်ခဲ့တာ။ထိခိုက်သေဆုံးတော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

တိုက်ပွဲအတွင်းပဒေသာမိုင်း (၁၅)လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ချိန် မိနစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကာကွယ်ရေးရဲဘော်များနှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ Mi35 ရဟတ်ယာဥ်တစ်စင်းဖြင့် ၎င်းတို့ စစ်ကြောင်းကို လုံခြုံရေးယူပေးခဲ့သည်။

“တိုက်ပွဲက ဆက်ပြီး ပြင်းထန်နိုင်တယ်။ပြည်သူတွေ အနေနဲ့သတိရှိကြပါ”ဟု Yaw Defence Force တာဝန်ရှိသူက တိုက်တွန်းသည်။

ထို့အပြင် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် ဆော-ကျောက်ထုလမ်းပိုင်း လုံးဝဖြတ်သန်းခြင်းမပြုရန် ဖေဖော်ဝါရီ၇ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။