Connect with us

Hi, what are you looking for?

News

တိုင်းရင်းသားလက်နက်ကိုင်များ အယောင်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရန် အကြမ်းဖက်စစ်ကောင်စီအလိုတော်ရိများ စကားခေါ်နေ

လာမည့်ပြည်ထောင်စုနေ့တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများတက်ရောက်ရန် အကြမ်းဖက် စစ်ကောင်စီက ၎င်း၏ ဩဇာခံဘာသာရေး နှင့် အနုပညာ အဖွဲ့အစည်းများမှတဆင့် အသည်းအသန်လုပ်ဆောင်နေသည်။

People's Spring
People's Spring

နိုင်ငံတဝန်း၌ လူနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို လူမဆန်စွာ သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများကျူးလွန်နေသည့် အကြမ်းဖက် စစ်ကောင်စီက အယောင်ပြ ငြိမ်းချမ်းရေးဆွေး နွေးပွဲ ဖြစ်မြောက်ရန် နည်းလမ်းပေါင်းစုံသုံးကာ လုပ်ဆောင်နေရာ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအဝေး(ဗဟို)၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဗုဒ္ဒဘာသာ ကလျာဏယု၀ အသင်းကြီး(YMBA)တို့ကလည်း မေတ္တာရပ်ခံပန်ကြားချက်များ အသီးသီး ထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံပန်းချီ၊ပန်းပုအစည်းအရုံး(ဗဟို)၏ ထုတ်ပြန်ချက်သည် ပန်းချီ၊ပန်းပု ပညာရှင်များအားလုံး၏ သဘောထားမဟုတ်ဘဲ ၎င်းတို့ကို ကိုယ်စားမပြုကြောင်း ပန်းချီ၊ ပန်းပုပညာရှင်များက ပြန်လည်တုံ့ပြန်သည်။

“စစ်ကောင်စီရဲ့ နောက်လိုက်အလိုတော်ရိ တသိုက်၏ သဘောထား သာဖြစ်ပါသည်။ ပန်းချီ၊ပန်းပု အစည်းအရုံးတွင် ဝင်ရောက်လှုပ်ရှားနေကြသော အမှုဆောင်ဆိုသည့် ပုဂ္ဂိုလ်များသည် လည်း ပန်းချီ၊ ပန်းပု ပညာရှင်အများစုမှ ရွေးကောက်တင်မြှောက်ထားသော ပုဂ္ဂိုလ်များ မဟုတ်ပါ။ အဆိုပါ ပန်းချီ၊ပန်းပုအစည်းအရုံးအား လုံးဝ အယုံအကြည်မရှိပါ”ဟု ပန်းချီ ပညာရှင်များက လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

အဆိုပါ ပန်းချီ၊ ပန်းပုအစည်းအရုံး၏ ထုတ်ပြန်ချက်ကို လုံး၀ကန့်ကွက် ရှုတ်ချကြောင်းလည်း ပန်းချီပညာရှင်များက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ဩဇာခံအဖွဲ့အစည်း၊ အစည်းအရုံးများမှတဆင့် ကြိုးပမ်းနေမှုသည် လွန်ခဲ့သည့် ဆယ်စုနှစ် များအတွင်း စစ်အာဏာရှင်များ၏ လမ်းဟောင်းကို လျှောက်လှမ်းနေခြင်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိတ်ဆန္ဒရှိ၍ မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook