Connect with us

Hi, what are you looking for?

News

ဖေဖော်ဝါရီ ၁၂ ရက်တွင် Black TV Campaign ပြုလုပ်ရန် တော်လှန်ရေး အင်အားစုများ​တောင်းဆို

လူထုအနေဖြင့် ထို​နေ့တွင်“အလံနဲ့အသံကို နားစွန့်ကြ” ရန် အတွက် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)ကလည်း တိုက် တွန်းနှိုးဆော်သည်။

(​တော်လှန်​ရေးအင်အားစုများ၏ကြွေး​ကြော်သံနှင့်ကန်ပိန်း)

●လူထုအ​နေဖြင့် အလံနှင့်အသံကိုနားစွင့်၍ ​တော်လှန်​ရေးအတွက်အသင့်ပြင်ထားရန် GSCB တိုက်တွန်း

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အာဏာရူးစစ်ကောင်စီမှ စီစဥ်ထုတ်လွှင့်၊ ထုတ်ပြန်ကြေညာမည့် မည်သည့်ရုပ်သံ၊မည်သည့်သတင်းအချက်လက်ကိုမှ မကြည့်ရှု၊ မဖတ်ကြဘဲ “Black TV Campaign” အဖြစ်ပြုလုပ်ရန်တော်လှန်ရေး အင်အားစုများက တောင်းဆိုလိုက်သည်။

လာမည့် ဖေဖော်ဝါရီ ၁၂ရက်သည် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ၇၅ နှစ် ပြည့်နေ့ဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုနေ့ ဟု ​​သတ်မှတ်ကျင်းပနေ ခဲ့ကြသည့် နေ့ဖြစ်သည်။ထို့​နေ့ကို စစ်အာဏာရှင်များက ၎င်းတို့၏ အကျိုးစီးပွားဖြစ်ထွန်းရန်နှင့် ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးစေရန် ဖန်တီးခဲ့သည့် အတုအယောင် ပြည်ထောင်စုနေ့အဖြစ်သာအသုံးချခဲ့ကြသည်ဟုထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)ကထုတ်ပြန်သည်။ယခုနှစ်တွင်လည်း အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က ​နေပြည်​တော်တွင်၎င်း အာသာ​ဖြေရန်အတွက် ဗိုလ်ရှုသဘင်ကို နိုင်ငံ့ဘဏ္ဍာ​​ငွေများစွာအကုန်အကျခံကာကျင်းပရန်ပြင်ဆင်​နေသည်။

(​တော်လှန်​ရေးအင်အားစုများ၏ကြွေး​ကြော်သံနှင့်ကန်ပိန်း)

“BLACK TV DAY ဆိုတာ ဘာလုပ်ကြဖို့နေ့လဲ ဆိုတော့ အဲ့ဒီနေ့ အကြမ်းဖက်စစ်ကောင်စီက
လွင့်တဲ့ ဝါဒဖြန့်မှုမှန်သမျှကို ဆိုရှယ်မီယာကပဲဖြစ်ဖြစ် အကြမ်းဖက်စစ်ကောင်စီရဲ့ ရုပ်သံလိုင်းတွေကဖြစ်ဖြစ် စစ်ကောင်စီရဲ့ထုတ်လွှင့်မှုမှန်သမျှ မကြည့်ဘူး။ အဖက်မလုပ်ဘူး။ အကောင်းအဆိုးမဝေဖန်ဘူး။ ငါတို့ အခမ်းအနား ငါတို့ကြည့်မယ်။ (စခ TV ကလွှင့်တာတွေ အာရုံနောက်မခံဘူး)။ အဲ့ဒီနေ့ ငါတို့ဘက်က ပင်လုံစာချုပ် ၇၅နှစ်ပြည့်ပွဲရှိတယ်။ အဲ့ဒီပွဲကို ဖေ့ဘုတ်ကနေ ငါတို့ကြည့်မယ်။ ငါတို့ဖျော်ဖြေရေး ငါတို့တော်လှန်ရေး ငါတို့လုပ်မယ်။ ငါတို့ရဲ့ ပါရမီတွေ၊ ဇတွေ၊ ငါတို့ အရည်အချင်းတွေ ကိုယ့်ဖေ့ဘုတ်မှာ ကိုယ်ပြကြမယ်” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုကလည်း ထုတ်ပြန်ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ​ဖေ​ဖော်ဝါရီ ၁၂ ရက်နေ့တွင် တိုင်းရင်းသား လူမျိုးစု တရပ်လုံး တန်ဖိုးထားသည့် အနှစ်သာရ ရှိသောပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ၇၅ နှစ်ပြည့် အဖြစ်သာ သတ်မှတ်၍ အထိမ်းအမှတ် ဂုဏ်ပြုသည့်ပွဲကျင်းပသွားမည် ဖြစ်ပြီး ပြည်သူလူထုအားသတင်းစကားပါမည်ဖြစ်ကြောင်းတော်လှန်ရေးအင်အားစုများထုတ်ပြန်သည်။

“အကြမ်းဖက် စကစ TV က ရွံစရာကောင်းတယ်။ ဒါ့ကြောင့် အဲ့ဒီနေ့ အကြမ်းဖက် စကစက လွှင့်မယ့် TV မကြည့်ဘူး။ TV မဖွင့်ဘူး။ TV က လာတာတွေ ဖေ့ဘွခ်မတင်ဘူး။ တင်တာတွေ တွေ့ရလည်း ကျော်သွားမယ်။ အဖက်မလုပ်ဘူး။ LIKE မပေးဘူး၊ မ SHARE ဘူး။ COMMENT သွား
မရေးဘူး။ TROLL မလုပ်ဘူး။ ဂရုမစိုက်ခြင်း အနုပညာ သို့မဟုတ် စဖမလ SPELL (စောက်ဖက်မလုပ် SPELL) ကို သုံးကြမယ့်နေ့ပါ” ဟု တကသ က ဆက်လက်ဖော်ပြခဲ့သည်။

(​တော်လှန်​ရေးအင်အားစုများ၏ကြွေး​ကြော်သံနှင့်ကန်ပိန်း)

ထို့အပြင်​တော်လှန်​ရေးဘက်​တော်သား သတင်းမီဒီယာများ အနေဖြင့်လည်း ပူးပေါင်းပါဝင်၍ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကောင်စီမှ ထုတ်လွှင်မည့်မည်သည့်အကြောင်းအရာနှင့်မည်သည့်သတင်းများကိုမှလူထုအကြားမထုတ်ပြန်၊မဖြန့်ဝေခြင်းဖြင့် ဤလှုပ်ရှားမှုအား ဝိုင်းဝန်းအသက်သွင်းကာ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသပေးပါရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

လူထုအနေဖြင့် ထို​နေ့တွင်“အလံနဲ့အသံကို နားစွန့်ကြ” ရန် အတွက် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)ကလည်း တိုက် တွန်းနှိုးဆော်သည်။

“လောလောဆယ် နှိုးဆော်ထားချင်တာက ဖေဖော်ဝါရီလ ၁၂ရက်မှာ လူထု လှုပ်ရှားမှုအတွက် အိမ်ထဲမှာနေမနေဘဲ ရောက်ရာအရပ်မှာ အသင့်ရှိနေပေးကြဖို့ပါပဲ။ ဘာတွေဘယ်ပုံလုပ်ကြမလဲကိုတော့ တော်လှန်ရေး အင်အားစုတွေရဲ့ အလံနဲ့ အသံကို နားစွင့်၊ အသင့်ပြင်ပြီး စစ်အာဏာရှင်ကို ရောက်တဲ့နေရာကနေ တော်လှန်ကြဖို့၊ အသင့်ပြင်ထားကြဖို့ အသိပေးနှိုးဆော်လိုက်တယ် ” ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB) ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။