Connect with us

Hi, what are you looking for?

News

ဝန်ထမ်းများ ဖေဖော်ဝါရီ ၂၀ရက်မတိုင်မီ ထီးချိုင့်မြို့နယ်မှ ရရာနည်းဖြင့်ထွက်ခွာရန် မြို့နယ်ပအဖ ထုတ်ပြန်

အဆိုပါ အချက်များအား လိုက်နာခြင်းမရှိသူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု၊ မိသားစုများ၏ လုံခြု့ရေးကို အာမခံချက် မပေးနိုင်တော့ကြောင်း ရှင်းလင်းစွာ အသိပေးအပ်သည်ဟု ဖော်ပြထားသည်။

ဒေသခံဝန်ထမ်းများလည်း အလုပ်မှ နုတ်ထွက်ပြီး CDM ပြုလုပ်ရန် အသိပေး

ထီးချိုင့်မြို့နယ်ရှိ အရာထမ်း၊ အမှုထမ်းများ ဖေဖော်ဝါရီ ၂၀ရက်မတိုင်မီ မိမိတို့ရုံးဌာန၊ နေအိမ်များမှ ရရာနည်းဖြင့် အပြီးတိုင်စွန့်လွှတ်ထွက်ခွာရန် ထီးချိုင့်မြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် သည်။

ထီးချိုင့်မြို့နယ် ဒေသခံဝန်ထမ်းများ အနေဖြင့်လည်း ဖေဖော်ဝါရီ ၂၀ရက် နောက်ဆုံးထား၍ မိမိတို့ အလုပ်မှ နုတ်ထွက်ကာ CDM ပြုလုပ်ရန် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၀ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ယင်းကြေညာချက်တွင် ပြည်သူ့လစာကို စားသောက်၍ ပြည်သူကို ကိုယ်စားမပြုဘဲ ပြည်သူများအား တရားဥပဒေမဲ့ တိုက်ခိုက်ရန် လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည်သာမက မိမိတက်သည့် ပညာဖြင့် ပြည်သူလူထုအား အလုပ်အကျွေးမပြုဘဲ စစ်ကောင်စီ ယန္တရား တွင် ပါဝင်ဆောင်ရွက်နေသည့် ပညာတက်ဝန်ထမ်းများကို အထက်ပါ အတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အချက်များအား လိုက်နာခြင်းမရှိသူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု၊ မိသားစုများ၏ လုံခြု့ရေးကို အာမခံချက် မပေးနိုင်တော့ကြောင်း ရှင်းလင်းစွာ အသိပေးအပ်သည်ဟု ဖော်ပြထားသည်။

မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရူးတစ်သိုက်သည် မြန်မာနိုင်ငံအား စစ်အာဏာရှင် အကျင့်ဆိုးဖြင့် အရှက်တရားကင်းမဲ့စွာ အဓမ္မ အုပ်ချုပ်နိုင်ရေးအပေါ် ဆောင်ရွက်မှုကို လုံး၀ လက်မခံဘဲ ရရာနည်းပေါင်းစုံဖြင့် ဆန့်ကျင် ခုခံတိုက်ခိုက်မှုများ ဆက်လက်၍ အရှိန်မြင့်လုပ်ဆောင်မည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်‌တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။