Connect with us

Hi, what are you looking for?

News

မန္တ​လေး-မြစ်ကြီးနားလမ်းတွင် စစ်​ကောင်စီတပ်ယာဥ်တန်း ပ​ဒေသာမိုင်းဆွဲ တိုက်ခိုက်ခံရ

ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ရှားကွဲရွာအနောက်ရှိ မန္တလေးတောင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား SBDF အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း အပြင်းအထန်ထိခိုက်စေခဲ့သည်။

(စစ်​ကောင်စီယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်စဥ်)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မန္တလေး-မြစ်ကြီးနားလမ်းမပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ယာဥ်တန်းအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံးနိုင်​ကြောင်း Shwe Bo Defense Force- SBDFက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ် ၁၂နာရီခွဲခန့်က မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ ခင်ဦးမြို့နယ် ခင်ဦးလမ်းဆုံအနီးတွင် SBDF တပ်စိပ် ၃ မိုင်းအဖွဲ့က ခင်ဦးမြို့နယ်၊ ကုလားလူးရွာသို့စစ်ကြောင်းထိုးစဥ် စစ်ကူလာသော စစ်ကားလေးစီးကို ပဒေသာဆွဲမိုင်း ၇ လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ကားနှစ်စီး များစွာပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးနိုင်ကြောင်း​ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက်မှ ပါလာ​သောကားနှစ်စီး​မှစစ်ကောင်စီတပ်များသည် လက်နက်ကြီးလက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့​သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းပါရှိသည်။ စစ်​ကောင်စီ တပ်သားများ​သေဆုံး ဒဏ်ရာရရှိမှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်​သေး​ပေ။

ထို​နောက်အကြမ်းဖက်စစ်ကောင်စီတပ်များသည် နီးစပ်ရာကောက်ရိုးပုံ ကိုမီးရှို့ခဲ့ပြီး ကြက်ခြံတစ်ခုကိုလည်း ဝင်ရောက်လုယက်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနား ​လမ်းမကြီးများပေါ်တွင် SBDF တပ်စိပ်များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး မိမိတို့နယ်မြေကိုကာကွယ်ရန် ပြည်သူ့ရန်သူများကို နေရာစုံမှတိုက်ခိုက်လျက်ရှိကြောင်း၊ မြန်မာပြည်သူများ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် မိမိတို့နယ်မြေ လွတ်မြောက်နယ်မြေဖြစ်လာရန် ကြိုးပမ်းရာတွင် ပြည်သူ့ရန်သူ သတင်းပေး များ၊ ပျူများနှင့် အုပ်ချုပ်ရေးမှုးများ အားလုံးကိုလည်း ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်းလည်း SBDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ရှားကွဲရွာအနောက်ရှိ မန္တလေးတောင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား SBDF အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း အပြင်းအထန်ထိခိုက်စေခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။