Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ဖိနှိပ်မှုနှင့်အကြမ်းဖက်မှုများ နှစ်ဆတိုးမြှင့်ကျူးလွန်နေဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

အမေရိကန်အစိုးရသည် အာဆီယံ၏ ဘုံဆုံးဖြတ်ချက်၅ရပ်ကို အားပေး ထောက်ခံပြီး ယင်းအချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဘလင်ကန်က ပြောသည်။

မကြာခင်ပြုလုပ်မည့် သမ္မတဘိုင်ဒန်နှင့်အာဆီယံခေါင်းဆောင်များတွေ့ဆုံပွဲ၌ မြန်မာ့အရေး အလေးထားမည်

မြန်မာစစ်ကောင်စီသည် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများကို နှစ်ဆတိုးမြှင့် ကျူးလွန်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)ပြောကြားသည်။

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် လေးနိုင်ငံအဖွဲ့(Quad) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဘလင်ကန် က မြန်မာ့အခြေ အနေဆိုးရွားနေမှုကို ထည့်သွင်းပြောကြားကာ သမ္မတဘိုင်ဒန် ၏ မကြာခင်ကျင်းပမည့် အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံပွဲတွင် မြန်မာ့အရေးကို အလေးထားအာရုံစိုက်မည်ဟု ဆက်ပြောသည်။

“အခြေအနေတွေက နက်နက်ရှိုင်းရှိုင်းပြဿနာရှိနေတယ်ဆိုတာ စိတ်ပျက်ဖွယ် ကောင်း လောက်အောင်ထင်ရှားနေပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

အမေရိကန်အစိုးရသည် အာဆီယံ၏ ဘုံဆုံးဖြတ်ချက်၅ရပ်ကို အားပေး ထောက်ခံပြီး ယင်းအချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဘလင်ကန်က ပြောသည်။

ထို့အပြင် မကြာခင်တွင် ဝါရှင်တန်၌ အာဆီယံခေါင်းဆောင်များကို အမေရိကန်သမ္မတ ဘိုင်ဒန်က လက်ခံတွေ့ဆုံမည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲတွင် မြန်မာ့အရေးကို အလေးပေး ဆွေးနွေးမည်ဟု အထက်ပါနိုင်ငံခြားရေးဝန်ကြီးက အသိပေးသည်။

ကိုးကား – metro.us

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားကြားက လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေ၊ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး တောင်ကိုရီးယားကို ရောက်ရှိလာနေတာတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

နိုင်ငံတကာ

ကမ္ဘောဒီးယားအပေါ် လက်နက်တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားမှုကို အမေရိကန် အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။