Connect with us

Hi, what are you looking for?

News

တရုတ်အစိုးရပိုင် CITICက​ ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းစီမံကိန်းစနိုင်​ရေး EIA၊ SIA​လေ့လာဆန်းစစ်ချက်လုပ်ကိုင်ရန် MSR အကြံ​ပေးကုမ္ပဏီနှင့် လက်မှတ်​ရေးထိုး

​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းကိုလုပ်ကိုင်ရန် တရုတ်အစိုးရပိုင်CITIC လုပ်ငန်းစု၏လက်အောက်ခံကုမ္ပဏီ Myanmar Port Investment ကုမ္ပဏီ နှင့် MSR Consulting လုပ်ငန်းစုတို့ကြားလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း တရုတ်အစိုးရပိုင် CITICကုမ္ပဏီက ကျောက်ဖြူရေနက်စီမံကိန်းစတင်နိုင်ရန် သဘာဝပတ်ဝန်းကျင် (EIA)နှင့် လူမှုရေး ထိခိုက်မှု အကဲဖြတ်ခြင်း (SIA)လေ့လာဆန်းစစ်ခြင်းဆောင်ရွက်ရန် MSR အကြံ​ပေးကုမ္ပဏီနှင့်သဘောတူလက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၁၀ရက်တွင် ပြုလုပ်ခဲ့သည်။

​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်းကိုလုပ်ကိုင်ရန် တရုတ်အစိုးရပိုင်CITIC လုပ်ငန်းစု၏လက်အောက်ခံကုမ္ပဏီ Myanmar Port Investment ကုမ္ပဏီ နှင့် MSR Consulting လုပ်ငန်းစုတို့ကြားလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

လွတ်လပ်သော အတိုင်ပင်ခံအေဂျင်စီတစ်ခုအနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု MSR Consulting Company၊ ဥက္ကဌ Wen Ding Winကပြောသည်။ မြန်မာနိုင်ငံ၊ သြစတြေးလျ၊ ဘရူနိုင်းနှင့် တောင်ကိုရီးယား၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှု နှင့် အတိုင်ပင်ခံအေဂျင်စီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် MSR လုပ်ငန်းစုသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် အသင့်တော်ဆုံးကုမ္ပဏီဖြစ်သောကြောင့် ​ရွေးချယ်ခြင်းဖြစ်သည်ဟု တရုတ် CITICကုမ္ပဏီက ဆိုသည်။

ယခု EIAဆောင်ရွက်ရန် လက်မှတ်ရေးထိုးခြင်းသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဆက်လက်အကောင်အထည်ဖော်ရေးအတွက် မှတ်တိုင်တစ်ခုဖြစ်သည်ဟုလည်း တရုတ်CITICကုမ္ပဏီကဆိုထားသည်။ တရုတ်နိုင်ငံသည် Belt and Road စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည်ဟုလည်း တရုတ်ကုမ္ပဏီက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများသည်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်သ​​ဘောတူခဲ့ပြီးကနဦးတွင် ရရှိမည့် အကျိုးအမြတ်ကို တရုတ် နိုင်ငံမှ ၈၅ ရာခိုင်နှုန်း ၊မြန်မာ ၁၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့သည်။ ထို​ကြောင့် NLD ဦး​ဆောင်​သောအစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ပိုမိုရရှိ​အောင် ပြန်လည်ညှိနှိုင်းပြီး တရုတ် ၇၀ ရာခိုင်နှုန်း ၊ မြန်မာ ၃၀ ရာခိုင်နှုန်းသို့ ​ပြောင်းလဲချုပ်ဆိုနိုင်ခဲ့သည်။ ထိုအပြင် ကနဦးတွင်တရုတ်အစိုးရက ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေါ်လာ ၇ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံမည်ဟုဆိုသ
ဖြင့် တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်အတွင်း ကျရောက်နိုင်သည်ဟုဝေဖန်ခံခဲ့ရသည်။ထိုကြောင့်အရပ်သားအစိုးရလက်ထက်တွင် ထိုစီမံကိန်းကို ၁ ဒသမ ၃ ဘီလီယံစီဖြင့် အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ရန် ​ပြောင်းလဲသဘောတူထားသည့်စီမံကိန်းဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက်က သ​ဘောတူထားခဲ့သည်များကို ​အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွက်အကျိုးအမြတ် ပိုမိုရရှိ​အောင် ပြင်ဆင်ထား​သောစာချုပ်များကို တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်​သောခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်မှတ်ရေးထိုးခဲ့ကြသည်။

စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူပြီးနောက် တရုတ်စီမံကိန်းပြန်လည်စတင်ရန် အကြမ်းဖက်စစ်ကောင်စီဘက်ကကြိုးစားနေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က စစ်အုပ်စုကနိုင်ငံ့အာဏာကိုမတရားသဖြင့် လုယူထား​သောကာလတွင် ရင်းနှီးမြှပ်နှပ်လုပ်ကိုင်​သော ၊စာချုပ်ချုပ်ဆို​သော စီမံကိန်းများသည်တရားမဝင်ဘဲ ပြည်သူ့အာဏာပြန်ရသည့်နှင့် ပျက်ပြယ်မည်ဖြစ်ကာ ၊ထိုစီမံကိန်းများကို တာဝန်ယူမည်မဟုတ်​ကြောင်းသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။