Connect with us

Hi, what are you looking for?

LuduNwayOo

News

မနက်ဖြန် ည​နေ၅နာရီတွင် အသံနှင့်အလံကို နားစွင့်၍ လူထုလှုပ်ရှားမှုပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

မနက်ဖြန် (ဖေဖော်ဝါရီ ၁၂ ရက်) ညနေ ၅နာရီတွင် “ပင်လုံစာချုပ်ချုပ်ဆိုတဲ့ (၇၅)နှစ်ပြည့်”အဖြစ် ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုပြုလုပ်ရန် သပိတ်အင်အားစုများက တောင်းဆိုလိုက်သည်။

” မနက်ဖြန်မှာဆိုရင် နှစ်ပေါင်း ၆၀တိတိ ပြည်သူကို ကျွန်ပြုပြီး ၎င်းတို့အကျိုးစီးပွားအတွက် လိမ်လည်ကာ “ပြည်ထောင်စုနေ့”ရယ်လို့ သတ်မှတ်ပြီး တကယ့်အနှစ် သာရဖြစ်တဲ့ “ပင်လုံစာချုပ် ချုပ်ဆိုခဲ့ခြင်း”နဲ့ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေခဲ့တာတွေကို လစ်လျူရှု လူမျိုးကြီးဝါဒကြီးစိုး အာဏာရှင်ပြုခဲ့ကြတဲ့ နေ့ဖြစ်တယ်။ အခုထိလည်း ပလ္လင်ရူးပြီး “ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ (ရ၅)နှစ်ပြည့်”နေ့မှာ ဗိုလ်ရှုသဘင်ကျင်းပနေပြန်ဦးမယ်။ ဒါဟာ တိုင်းရင်းသားပြည်သူ လူထု တစ်ရပ်လုံးကို မထီမဲ့မြင်ပြု၊ ပြည်သူ့ဘဏ္ဍာငွေဖြုန်းတီးခြင်းသာ ဖြစ်တယ်။ ကျွန်ုပ်တို့ဟာ တညီတညွတ်တည်း ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လိုလားတယ်၊ တောင်းဆိုနေကြတယ်။ မနက်ဖြန်မှာ ကျရောက်မယ့် “ပင်လုံစာချုပ်ချုပ်ဆိုတဲ့ (၇၅)နှစ်ပြည့်”မှာ ကျွန်ုပ်တို့ရဲ့ လိုလားချက်တွေကို လမ်းပေါ်ထွက်ပြီး အာခံတောင်းဆိုကြမယ်” ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က ထုတ်ပြန် သည်။

ထို့​ကြောင့် ပြည်သူများအနေဖြင့် အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအဖြစ် လမ်းမများပေါ်တွင် လက်သုံးချောင်းထောင်၍ ပြိုင်တူကြွေးကြော်ခြင်း၊ မိမိရောက်ရာ နေရာ၌ ကား၊ဆိုင်ကယ် ဟွန်းတီးခြင်းနှင့် သံပုံးတီးခြင်း တို့ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည်။

“ဘယ်လိုအာခံကြမလဲ? မနက်ဖြန် ၁၂ ရက် ညနေ (၅)နာရီ လမ်းမတွေထက်မှာ အိမ်ပြင်ထွက် ၊ လမ်းပေါ်တက် အလံနှင့် အသံကို နားထောင်၍ လက် ၃ ချောင်းထောင်ကြွေးကြော်ကြမယ်။ မိမိ ရှိ​ရာနေရာမှ အသံပြုကြမယ်။ ကားဟွန်းတီးသံ ၊ ဆိုင်ကယ်ဟွန်းတီးသံ ၊ သံပုံးသံ စသဖြင့် လူထုက ဒေသအလိုက် အဆင်ပြေရာ ပါဝင်ကြမယ်။ ကားဟွန်းတီးသံ ၊ ဆိုင်ကယ်ဟွန်းတီးသံ ၊ သံပုံးသံ စသဖြင့် လူထုက ဒေသအလိုက်အဆင်ပြေရာ ပါဝင်ကြမယ်။ အမြဲတမ်းတော်လှန်ဖို့အတွက် အသင့်ရှိပြီး နည်းမျိုးစုံနဲ့ ပါဝင်နေတဲ့ ပြည်သူလူထုကြီးက လမ်းမတွေထက်မှာ ပြန်လည်ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ် “ဟု GSCB၏ ထုတ်ပြန်ချက်၌ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။