Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင်မြို့အများအပြား မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံရ

“ဘယ်အချိန်ကစဖြတ်ထားလဲတော့ မသိဘူး။ ကျွန်တော် ၅ နာရီလောက်နိုးလာတော့ ဖုန်းအင်တာနက် မရတော့ဘူး” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

▪️အခြေခံလူ့ရပိုင်ခွင့်၊ လူ့အခွင့်အရေးများကို ထပ်မံချိုးဖောက်ပြီး အတုအယောင်ပြည်ထောင်စုနေ့ကို စစ်ကောင်စီသရုပ်ဖော်

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့အများအပြားတွင် အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းကတည်းက မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားကြောင်း ယင်းမြို့များတွင် နေထိုင်သူများက ပြောသည်။

အတုအယောင်ပြည်ထောင်စုနေ့နှင့်အတူ အာဏာရူးမင်းအောင်လှိုင်က ဗိုလ်ရှုသဘင်ပြုလုပ်မည့် ​ယနေ့ (ဖေဖော်ဝါရီ ၁၂ရက်)တွင် ပြည်သူများက အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်သမျှကို အွန်လိုင်းမတင်ခြင်း၊ ၎င်းတို့၏ တီဗီအစီအစဥ်များမကြည့်ရှုခြင်း စသည်ဖြင့် သပိတ်မှောက်ရန် နှိုးဆော်တိုက်တွန်းထားကြသည်။

ယင်းကို တန်ပြန်ရန် အကြမ်းဖက်စစ်ကောင်စီက မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ယနေ့ နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားရန် ဆက်သွယ်ရေးအော်ပရေတာများကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ညွှန်ကြားခဲ့သည်။

Public Service Announcement

Public Service Announcement

“ဘယ်အချိန်ကစဖြတ်ထားလဲတော့ မသိဘူး။ ကျွန်တော် ၅ နာရီလောက်နိုးလာတော့ ဖုန်းအင်တာနက် မရတော့ဘူး” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် နေထိုင်သူများကလည်း ၎င်းတို့နိုးလာချိန်တွင် မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း ပြောသည်။

အထက်ပါ မြို့ကြီး ၃ ခုမှ လွဲ၍ အခြားမြို့များတွင် နံနက် ၆ ခွဲအထိ ဖြတ်တောက်ခံရခြင်းမရှိသော်လည်း ယင်းနောက်ပိုင်း နောက်ဆုံးသိရသမျှ မြို့အများအပြားတွင် မိုဘိုင်းအင်တာနက်ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်သာ ပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုလက်မခံသည့် တရားမဝင်အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၀ ကျော်ကို အင်တာနက်ဖြတ်တောက်ခဲ့သည်။

အင်တာနက်သုံးစွဲခွင့်သည် ယနေ့ခေတ်၏ အခြေခံရပိုင်ခွင့်နှင့် လူ့အခွင့်အရေးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက အဆိုပါ ရပိုင်ခွင့်၊ အခွင့်အရေးများကို ပြောင်းပြောင်းတင်းတင်း တားဆီးပိတ်ပင်ခြင်းဖြစ်သည်။

သို့သော် ​မြေပြင်သပိတ်အင်အားစုများက အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် အာခံရန်နှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တိုက်ယူရေး လမ်းပေါ်ထွက် တော်လှန်ကြရန် တိုက်တွန်းထားသည်။

ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့် ယနေ့တွင် ညနေ ၅ နာရီ၌ လမ်းမထက် လက်သုံးချောင်းထောင်ခြင်း၊ ကားဟွန်းသံ၊ ဆိုင်ကယ်ဟွန်းသံ၊ သံပုံတီးသံ စသည်ဖြင့် ရောက်ရာနေရာမှ အဆင်ပြေသလို စစ်အာဏာရှင်များကို အာခံတော်လှန်ရန် သပိတ်အင်အားစုများက နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

Elon Musk ပိုင်ဆိုင်သော X(Twitter)လူမှုကွန်ရက်မှတဆင့် ရန်ဟီးလီိက တိုက််တွန်းခဲ့ခြင်းဖြစ််ပြီး အာဏာသိမ်းစစ်ကောင်စီက မြေပြင်အခြေအနေမှန်များ ကမ္ဘာအနှံ့ရောက််ရှိရန် အလွန်ခက်ခဲစေရေးအတွက် အင်တာနက််ပိတ်ဆို့များကိို ဆက်လက်လုပ်ဆောင််ထားဆဲဖြစ်ကြောင်း အသိပေး ဖော်ပြသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။