Connect with us

Hi, what are you looking for?

News

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင်မြို့အများအပြား မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံရ

“ဘယ်အချိန်ကစဖြတ်ထားလဲတော့ မသိဘူး။ ကျွန်တော် ၅ နာရီလောက်နိုးလာတော့ ဖုန်းအင်တာနက် မရတော့ဘူး” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

▪️အခြေခံလူ့ရပိုင်ခွင့်၊ လူ့အခွင့်အရေးများကို ထပ်မံချိုးဖောက်ပြီး အတုအယောင်ပြည်ထောင်စုနေ့ကို စစ်ကောင်စီသရုပ်ဖော်

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့အများအပြားတွင် အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းကတည်းက မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားကြောင်း ယင်းမြို့များတွင် နေထိုင်သူများက ပြောသည်။

အတုအယောင်ပြည်ထောင်စုနေ့နှင့်အတူ အာဏာရူးမင်းအောင်လှိုင်က ဗိုလ်ရှုသဘင်ပြုလုပ်မည့် ​ယနေ့ (ဖေဖော်ဝါရီ ၁၂ရက်)တွင် ပြည်သူများက အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်သမျှကို အွန်လိုင်းမတင်ခြင်း၊ ၎င်းတို့၏ တီဗီအစီအစဥ်များမကြည့်ရှုခြင်း စသည်ဖြင့် သပိတ်မှောက်ရန် နှိုးဆော်တိုက်တွန်းထားကြသည်။

ယင်းကို တန်ပြန်ရန် အကြမ်းဖက်စစ်ကောင်စီက မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ယနေ့ နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားရန် ဆက်သွယ်ရေးအော်ပရေတာများကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ညွှန်ကြားခဲ့သည်။

Public Service Announcement

Public Service Announcement

“ဘယ်အချိန်ကစဖြတ်ထားလဲတော့ မသိဘူး။ ကျွန်တော် ၅ နာရီလောက်နိုးလာတော့ ဖုန်းအင်တာနက် မရတော့ဘူး” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် နေထိုင်သူများကလည်း ၎င်းတို့နိုးလာချိန်တွင် မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း ပြောသည်။

အထက်ပါ မြို့ကြီး ၃ ခုမှ လွဲ၍ အခြားမြို့များတွင် နံနက် ၆ ခွဲအထိ ဖြတ်တောက်ခံရခြင်းမရှိသော်လည်း ယင်းနောက်ပိုင်း နောက်ဆုံးသိရသမျှ မြို့အများအပြားတွင် မိုဘိုင်းအင်တာနက်ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်သာ ပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုလက်မခံသည့် တရားမဝင်အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၀ ကျော်ကို အင်တာနက်ဖြတ်တောက်ခဲ့သည်။

အင်တာနက်သုံးစွဲခွင့်သည် ယနေ့ခေတ်၏ အခြေခံရပိုင်ခွင့်နှင့် လူ့အခွင့်အရေးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက အဆိုပါ ရပိုင်ခွင့်၊ အခွင့်အရေးများကို ပြောင်းပြောင်းတင်းတင်း တားဆီးပိတ်ပင်ခြင်းဖြစ်သည်။

သို့သော် ​မြေပြင်သပိတ်အင်အားစုများက အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် အာခံရန်နှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တိုက်ယူရေး လမ်းပေါ်ထွက် တော်လှန်ကြရန် တိုက်တွန်းထားသည်။

ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့် ယနေ့တွင် ညနေ ၅ နာရီ၌ လမ်းမထက် လက်သုံးချောင်းထောင်ခြင်း၊ ကားဟွန်းသံ၊ ဆိုင်ကယ်ဟွန်းသံ၊ သံပုံတီးသံ စသည်ဖြင့် ရောက်ရာနေရာမှ အဆင်ပြေသလို စစ်အာဏာရှင်များကို အာခံတော်လှန်ရန် သပိတ်အင်အားစုများက နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။