Connect with us

Hi, what are you looking for?

News

လျှပ်စစ်မီးနှင့်​ရေလျှော့သုံးရန် စစ်​ကောင်စီ​ဆောင်ရွက်မည်ဟုဆို

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ သမဝါယနှင့်ကျေးလက်ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးတို့ကထိုအတွက်ပညာ​ပေးရမည်ဟု ဆိုသည်။

●လာမည့် နွေရာသီ လျှပ်စစ်မီး အကြီးအကျယ်ပျက်နိုင်

လာမည့်နွေရာသီတွင် လျှပ်စစ်မီးနှင့်ရေကို ပြည်သူများခြွေတာသုံးစေရေးအသိပညာ​ပေးရန်အတွက် အကြမ်းဖက်စစ်ကောင်စီက ၎င်း၏လက်အောက်ခံဝန်ကြီးဌာန၅ ခုကို​ ဖေ​ဖော်ဝါရီ ၁၂ ရက်တွင် တာဝန်ပေးလိုက်သည်။

ကမ္ဘာပေါ်တွင် ရေချိုရှားပါးလားခြင်းနှင့် ဓာတ်ငွေ့နှင့် စွမ်းအင်ဈေးကြီးမြင့်လာခြင်းကြောင့် ရေအားလျှပ်စစ်ကို ထုတ်ယူသုံးဆွဲလာခြင်းကြောင့်​ နွေရာသီတွင်လုံ​လောက်စွာအသုံးပြုနိုင်ရန်အတွက် ​ရေနှင့်လျှပ်စစ်ကို​ချွေတာသုံးစွဲရန် ဖြစ်သည်ဟုစစ်ကောင်စီက အကြောင်းပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ သမဝါယနှင့်ကျေးလက်ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးတို့ကထိုအတွက်ပညာ​ပေးရမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီလက်​အောက်တွင် LNG(သဘာဝဓာတ်ငွေ့ရည်) သုံး ဓာတ်အားပေးစက်ရုံများကို​ငွေမ​ပေး​နိုင်တော့သဖြင့် ရပ်တန့်သွားသည်။ထို့ကြောင့် ယခုနွေရာသီတွင် လျှပ်စစ်မီးကို ရေအားလျှပ်စစ်မှ ပိုမိုထုတ်ယူရန် စီစဉ်နေခြင်းဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။ LNGစီမံကိန်းများရပ်ဆိုင်းခြင်းကြောင့် ဓာတ်အား ၇၅၀ မဂ္ဂါဝပ်ထုတ်လုပ်မှု​လျော့နည်းသွား​ကြောင်းစစ်ကောင်စီက ဆိုသည်။

“ဓာတ်ငွေ့နဲ့ ထုတ်တာတွေ အများစုက ရပ်နေတော့ ရေအားကို အားထားပြီးထုတ်မယ့်သဘော၊ ဒါပေ့မယ်လည်းနွေရာသီမှာရေကလည်းခမ်းတော့မှာမို့ လျှပ်စစ်မီးပြတ်မှု၊ မရှိအောင် အလှည့်ကျပေးမယ့်၊ပြည်သူကလည်းမလိုအပ်တာတွေမသုံးအောင် ဆောင်ရွက်ဖို့ သဘောပဲ”ဟု ၎င်းက ဆိုသည်။

မကြာခင်လည်း အလှည့်ကျ မီးပေးသည့် စနစ်ဖြင့် အချိန်ပိုင်းသာ မီးပေးနိုင်တော့မည်ဟုလည်း ၎င်းကဆက်​ပြောသည်။ သို့​သော် လက်​တွေ့တွင် ​​နွေရာသီမ​ရောက်ခင်ဆောင်းရာသီကတည်းက လျှပ်စစ်မီးပျက်​တောင်မှုများဆိုးရွားစွာဖြစ်​နေပြီး အလှည့်ကျ​မီး​ပေး​နေရပြီဖြစ်သည်။

“နေပြည်တော်က လွဲရင် အခြားမြို့တော့ အချိန်ပိုင်းဘဲ မီးပေးတော့မယ် သဘောပါ။ အရင်အစိုးရလက်ထက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ အကုန်ရပ်ကုန်တာလဲ
ပါတယ်”ဟု အခြားအရာရှိတစ်ဦးက ပြောသည်။

နွေရာသီတွင် စိုက်ပျိုးရေပေးဝေမူများကို ရပ်တန့်မည်ဖြစ်၍ နွေရာသီသီးနှံစိုက်ပျိုးမှုများလည်း အခက်အခဲဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်​ပြောသည်။

“စစ်တပ်အာဏာသိမ်းလိုက်တော့နွေရာသီမှာမီးမပျက်​အောင် အရပ်သားအစိုးရကစီစဉ်ထားတဲ့ LNG ဓာတ်အားပေး စီမံကိန်းတွေ အကုန်ရပ်သွားတာပဲ။ ဒါကြောင့် ဒီနှစ်နွေက မီးပျက်တာ အကြီးအကျယ်ဖြစ်မယ်လို့ ပြောလို့ရတယ်”ဟု စွမ်းအင်ကုမ္ပဏီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးက ပြောသည်။

အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂဝါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ခဲ့သည်။ထိုအပြင် ကာလတိုအတွင်းအမြန်မီး​ပေးနိုင်ရန် သဘာဝဓါတ်​ငွေ့​အရည် (LNG) ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ၂၀၂၀ ဇွန်လတွင်စတင်လည်ပတ်ခဲ့သည်။ နွေရာသီတွင် မီးမပျက်​စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အရပ်သားအစိုးရက တည်ဆောက်ခဲ့ခြင်းဖြစ် သည်။

အာဏာသိမ်း​​ခေါင်း​ဆောင် မင်း​အောင်လှိုင်က အာဏာသိမ်းပြီးစတွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ​ပြေးဆွဲ​​ရန်စီစဥ်မည်ဟု​ရောက်သည့်​နေရာတိုင်းတွင်​ပြောခဲ့သည်။သို့​သော် ယခု​နောက်ပိုင်းမီးပျက်လာပြီး​နောက် လျှပ်စစ်ရထား၊လျှပ်စစ်ကားအ​ကြောင်း မ​ပြော​တော့​ပေ။

ထို့အပြင် အာဏာသိမ်း​ခေါင်း​ဆောင်သည် စစ်​ကောင်စီတပ်သားများကိုလည်း ​ချိုးချန်ချွေတာကြရန် မကြာခဏ​ပြော​လေ့ရှိ​သော်လည်း ၎င်းကိုယ်တိုင်မှာကျပ် သိန်း ၈၆၃ကျော်တန် PATEK Philippe နာရီရီဝတ်ဆင်ပြီး သိန်းဆယ်ချီတန် အ​​နွေးထည်များကို ဝတ်ဆင်​လေ့ရှိသည်။၎င်း၏ဇနီးမှာလည်း သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ့ရှိ​သောလက်ကိုင်အိတ်များကိုသာကိုင်​လေ့ရှိသည်။

စစ်တပ်အာဏာသိမ်းမှု​ကြောင့်တစ်နိုင်ငံလုံးစီးပွား​ရေးကျဆင်း​နေ​သော်လည်း အာဏာသိမ်း​ခေါင်း​ဆောင်က ယ​နေ့ နေပြည်​တော်တွင်ဗိုလ်ရှုသဘင်ကို ကျပ်​ငွေ ၉ ဘီလီယံအကုန်အကျခံ၍ စစ်​ကောင်စီဝန်ထမ်းများကို ၎င်းအားအလေးပြုခိုင်းသည့်​နေတွင်ပင် ပြည်သူများကို လျှပ်စစ်မီးနှင့် ရေလျော့သုံးရန် ညွန့်ကြားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။