Connect with us

Hi, what are you looking for?

News

KNU အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာ ကျဆုံးခြင်း (၁၄)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

ပဒိုမန်းရှာ ကျဆုံးရခြင်းသည် ကရင့်တော်လှန်ရေးအတွက်သာမက မြန်မာ့နိုင်ငံရေးအတွက်ပါ အကြီးမားဆုံးသောဆုံးရှုံးမှုကြီးဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင်လည်းဖြစ်သူ ပဒိုစောသမိန်ထွန်းက ပြောသည်။

ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်း ရေးမှူး ချုပ်ဟောင်း ပဒို မန်းရှာလားဖန်း ကျဆုံးခြင်း (၁၄)နှစ်မြောက် အခမ်းအနားကို ပဒိုမန်းရှာလားဖန်း၏ အုတ်ဂူတည်ရှိရာနေရာ KNU အာဇာနည် ဗိမာန် ၌ ပြုလုပ်ခဲ့ရာ ပဒိုမန်းရှာ၏ လုပ်ဖော်ကိုင်ဖက်များ၊ လက်ရှိ KNU တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ – KNU

ဖေဖော်ဝါရီ၁၄ ရက်တွင် ကျရောက်သည့် ပဒိုမန်းရှာ ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနား၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက် ပြည်သူ လူထုများကို အလေးပြုခြင်း ၊ ပဒို မန်းရှာလားဖန်း၏ အတ္ထုပ္ပတိ နှင့် သူ၏ဘဝဖြတ်သန်းမှုနှင့်ပတ်သက်သော ဂုဏ်ပြုစကား ပြောကြားခြင်း အစီအစဉ်တို့ဖြင့် ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဝါရင့်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောသမိန်ထွန်းက အမှတ်တရ စကားပြောကြားရာ ပဒိုမန်းရှာလာဖန်းသည် မြန်မာပြည်၏ နိုင်ငံရေးလောကတွင် တော်လှန်ရေးလောက သာမက မြန်မာ့နိုင်ငံရေးတစ်ခုလုံးတွင် ဩဇာလွှမ်းမိုးမှု ကြီးမားခဲ့ပြီးထိုသို့ နိုင်ငံရေး ဩဇာကြီးမားလာမှုကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ကရင်သတင်းဌာန KICက ဖော်ပြသည်။

ဓာတ်ပုံ – KNU

“သူ့ရဲ့ ဩဇာက ကြီးမားတယ်။ တောမှာနေပေမဲ့ မြို့က နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ကို ထိန်းချုပ်လို့ရတယ်။ အဲ့ဒီအဆင့်ထိရှိတယ်။ နောက်ပြီးမှလည်း တိုင်းရင်းသား တပ်ပေါင်းစုမှာလည်း သူက အကုန်လုံးချုပ်ကိုင်ပြီး စီမံကိန်းအတိုင်း သူလုပ်နိုင်တယ်။ သူ့ရဲ့ စီမံကိန်း၊ သူ့ရဲ့ လမ်းညွန်အတိုင်း အားလုံး လုပ်ရတယ်။ အဲ့လောက်ထိ သူ့ရဲ့ ဩဇာရှိတယ်” ဟု ပဒိုမန်းရှာ၏ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သူ ပဒိုစောသမိန်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – KNU

ပဒိုမန်းရှာ ကျဆုံးရခြင်းသည် ကရင့်တော်လှန်ရေးအတွက်သာမက မြန်မာ့နိုင်ငံရေးအတွက်ပါ အကြီးမားဆုံးသောဆုံးရှုံးမှုကြီးဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင်လည်းဖြစ်သူ ပဒိုစောသမိန်ထွန်းက ပြောသည်။

ယနေ့ကာလမျိုး၌ ပဒိုမန်းရှာလားဖန်း သက်ရှိ ထင်ရှားရှိနေသေးပါက ယနေ့ ဖြစ်နေသည့် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ခေါင်းဆောင်နိုင်သူဖြစ်ကြောင်းလည်း ပဒို စောသမိန်ထွန်းက ပြောဆိုခဲ့သည်။

ဓာတ်ပုံ – KNU

အဆိုပါ အခမ်းအနားသို့ KNU – KNLA တပ်ဘက်ဆိုင်ရာအကြီးအကဲခေါင်းဆောင်များ၊ KNUအုပ်ချုပ်ရေးဘက်ဆိုင်ရာ အကြီးအကဲခေါင်းဆောင်များ၊ ကေအဲန်ယူ – ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ကရင်လူငယ်အစည်းအရုံးမှ ခေါင်းဆောင်များ၊ ဒေသအသီးသီးမှ ကရင်လူငယ်များနှင့် ဒေသခံ ပြည်သူလူထုများတို့ တက်ရောက်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ပဒိုမန်းရှာလားဖန်းသည် ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ၎င်း၏ နေအိမ်၌ မသမာသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။