Connect with us

Hi, what are you looking for?

News

ကရင်နီပြည်တွင် ယခုလဒုတိယပတ်အတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ရှစ်ဦး​သေ

ကရင်နီ(ကယား) ပြည်နယ်၌ ယခုလ ဒုတိယပတ်အတွင်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (ဖေဖော်ဝါရီ ၁၅) ထုတ်ပြန်သည်။

လွိုင်ကော်

ဖေဖော်ဝါရီ ၁၀ရက် နံနက် ၇နာရီ ၁၅မိနစ်ခန့်တွင် လွိုင်ကော်မြို့နယ် နွားလဝိုး ကျေးရွာအုပ်စု၊ ဖာတီမာကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)နှင့် KNDFတို့မှ ခုခံတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ ညနေ ၄ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ ခုနစ်ဦးသေဆုံးခဲ့ပြီး၊ အများအပြား ထိခိုက်ဒဏ်ရာရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တင့်ကားများ အသုံးပြုတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ဖာတီမာနှင့် သုံးမိုင်(ပါကျဲ) ကျေးရွာများတွင် အရပ်သားပြည်သူနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံ

ဖယ်ခုံ​မြို့ နယ် ခေါင်းမိုင်းကျေးရွာအနီးသို့ အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကိုဖေဖော်ဝါရီ ၁၀ ရက် နေ့လည် ၁ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်မှုများရှိခဲ့သည်ဟု KNDF ကဆိုသည်။

ထို့အတူ ဖယ်ခုံမြို့နယ် ပင်ပုံတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်းဌာနေပြည်သူ့စစ် (PNO )တပ်ဖွဲ့ တို့ကို ကရင်နီတပ်မတော် (KA)နှင့် KNDFတို့မှ တပ်ခိုက်ခဲ့ရာ စစ်ကောင်စီ ဗိုလ်အဆင့်ရှိသူတစ်ဦးသေ ဆုံးခဲ့သည်။

ဒီးမော့ဆို

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအခြေစိုက် (ခလရ-၁၀၂) နှင့် ဒီးမော့ဆို ညောင်ကိုင်းအခြေစိုက် (ခမရ-၄၂၇) တပ်ရင်းများအပြင် ဒီးမော့ဆိုမြို့နယ်ရဲစခန်းတို့တွင် ကရင်နီတပ်မတော် (KA) ၊ KNDF နှင့် PDF အဖွဲ့များနှင့်အတူ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

တိုက်ခိုက်မှုများမှာ နံနက်​စော ၃ နာရီမှ ၁၀ နာရီကြား ပြင်းထန်ခဲ့ကာ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၂ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာရှိ ရေကန်အနီးနှင့် ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်းထိခိုက်ကျဆုံးမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အချိန်တွင် ဒီးမော့ဆိုမြို့ ရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုများရှိနေပြီး ပါဒေါဒူရပ်ကွက်အတွင်းရှိ နေအိမ်များပျက်စီးခဲ့ရသည်ဟုလည်း KNDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။