Connect with us

Hi, what are you looking for?

News

မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ နေအိမ်အပြင်မထွက်ကြ သတိပေး

“အခု ဒီနေ့(ဖေဖော်ဝါရီ ၁၆ ရက်) မနက် ၁၀နာရီမိနစ် ၂၀မှာ လက်နက်ကြီးသံ သုံးချက်က မြို့တွင်းထဲမှာကို ကြားရတာ။မြို့ပေါ်နေသူတွေ လက်နက်ကြီး ထိမှန်မှာကို စိုးရိမ်တယ်”ဟု Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးဗြဲမြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်သဖြင့် ပြည်သူများအနေဖြင့် နေအိမ်အတွင်းမှ အပြင်မထွက်ကြရန် Mobye Rescue Teamက ယနေ့(ဖေဖော်ဝါရီ ၁၆)တွင် သတိပေးထုတ်ပြန်သည်။

“အခု ဒီနေ့(ဖေဖော်ဝါရီ ၁၆ ရက်) မနက် ၁၀နာရီမိနစ် ၂၀မှာ လက်နက်ကြီးသံ သုံးချက်က မြို့တွင်းထဲမှာကို ကြားရတာ။မြို့ပေါ်နေသူတွေ လက်နက်ကြီး ထိမှန်မှာကို စိုးရိမ်တယ်”ဟု Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်း၌ လူဦးရေ ၂၆,၀၀၀ ခန့်ရှိ သော်လည်း အများစုမှာ စစ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

“မနက်က အစောကြီး ၅ နာရီခွဲလောက်မှာ သေနတ်သံ ငါးချက်ကြားတယ်။အခု ၁၀ နာရီခွဲမှာ လက်နက်ကြီးအသံ အကျယ်ကြီး သုံးချက် ကြားရတယ်။လူထိ၊မထိတော့ မသိသေးဘူး။ကျွန်မတို့လည်း ပုန်းခိုဖို့ ပြင်ဆင်နေရတယ်”ဟု မိုးဗြဲ မြို့ပေါ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်မှာ ထိတွေ့တိုက်ပွဲ မရှိဘဲ မြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက် ငယ်၊လက်နက်ကြီး အသုံးပြုတိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

“မြို့အဝင်၊ အထွက်ကို သူတို့ပိတ်လိုက်တယ်။ဒါကြောင့် ကျွန်တော်တို့ သွားတိုက်ဖို့ဆိုတာ ပြည်သူတွေအတွက် အန္တရာယ်အရမ်းများနေတယ်။ဒါပေမယ့် စစ်တပ်က ထိတွေ့ တိုက်ပွဲမရှိဘဲ မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်တာဟာ တော်တော်ယုတ်မာရက်စက်တယ်လို့ ပြောရမယ်။စစ်ရေး မြေပြင် အခြေအနေကိုတော့ လောလောတယ် မပြောချင်သေးဘူး”ဟု ၎င်းက ရှင်းပြသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ တင့်ကားနှစ်စီး အပါအဝင် အင်အား ၂၀၀ ခန့်ဖြင့် မိုးဗြဲမြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က နေရာယူထားပြီး တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။