Connect with us

Hi, what are you looking for?

News

ကြည့်မြင်တိုင်တွင် စစ်ကောင်စီလက်ပါးစေများက နေအိမ်များကို မီးလိုက်ဖြတ်

အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် လျှပ်စစ်ဌာနမှ CDM ပြုလုပ်ခြင်းမရှိသော ဝန်ထမ်းများက လိုက်လံဖြတ်တောက်နေခြင်းဟု ဒေသခံများက ဆိုသည်။

(ကြည့်မြင်တိုင်တွင် စစ်ကောင်စီလက်ပါးစေများ မီးလိုက်ဖြတ်နေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ လျှပ်စစ်မီတာခမဆောင်သည့် နေအိမ်များအား ယနေ့ (ဖေဖော်ဝါရီ ၁၆)နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက လျှပ်စစ်မီးများ လိုက်လံဖြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။

” ရပ်ကွက်ထဲကို စစ်ကားတစ်စီးနဲ့ မီတာစာရေးတွေ လိုက်စစ်ပြီး မီးလိုက်ဖြတ်တာပါ။ မီတာခ ၇ သိန်းကျော် ကျတဲ့အိမ်တွေဆို မီတာအလုံးလိုက်ပါ ဖြတ်ယူသွားတယ်။ ဆောင်ရင်တောင် ချက်ချင်း ပြန်တက်ဖို့ မလွယ်အောင် လုပ်တာပါ။ ကျွန်တော်တို့ကတော့ လုံးဝမဆောင်ဘူး။ သူတို့ကို မီတာခဆောင်မယ့်အစား မီးရဖို့ အခြားနည်းပဲ ကြိုးစားတော့မယ် “ဟု ကြည့်မြင်တိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် လျှပ်စစ်ဌာနမှ CDM ပြုလုပ်ခြင်းမရှိသော ဝန်ထမ်းများက လိုက်လံဖြတ်တောက်နေခြင်းဟု ဒေသခံများက ဆိုသည်။

ထို့အပြင် လျှပ်စစ်မီတာခတောင်းခံလွှာတွင် ပါရှိသည့် ကျသင့်ငွေသည် အမှန်တကယ် အသုံးပြုခဲ့သည်ထက် ပိုများနေကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” အခု မီတာခတွေက ၉ လစာဆိုပြီး အများကြီး ကျနေတယ်။ ဘယ်လိုတွက်မှန်းလည်း မသိဘူး။ မီတာလဲ လာဖတ်တာ မတွေ့ပဲ ရမ်းတွက်နေသလိုပဲ။ ကျွန်တော်တို့အိမ်ဆို လူမရှိတာများတော့ မီးအမြဲမသုံးတာကို ၈သိန်းကျော် ၉ သိန်း နီးပါးကျနေတယ်။ မီးကလဲ ပျက်နေတာများတယ် ” ဟု၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာကစတင်၍ အခွန်ငွေ ရရှိစေရန်ဆိုကာ လျှပ်စစ်မီတာခများကို အတင်းအကြပ်လိုက်လံကောက်ခံနေခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် သက်ဆိုးမရှည်ရေးအတွက် အခွန်မပေးဆောင်ရန်ဟုဆိုကာ မီတာဆောင်ခြင်း၊ အခြားသော အခွန်များ ပေးဆောင်ခြင်းတို့ကို မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက ပြည်သူများအား မေတ္တာရပ်ခံထားသည်။

ထို့ကြောင့် လျှပ်စစ်မီး ဖြတ်တောက်ခံရသည့် ပြည်သူအချို့ကလည်း မီးစက်များ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာများ အသုံးပြုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။