Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ရှိ စစ်ကောင်စီ စခန်းတစ်ခုအား KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ် ထိုးစစ်ဆင်ပြီး နေရာဝင်ယူထားသည့် ဖလူးဒေသကို KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)၊ ကရင်အမျိုးသားကာကွယ်ရေး တပ် (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ယနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့သည် ဟုဆိုသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်၊ ဓာတ်ပုံ - CJ)

▪️လက်နက်ကြီးနှင့် လက်နက်ငယ်အချို့ရ၊ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိနိုင်ဟုဆို

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်ဧရိယာ ဖလူးဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ပစ်ခတ်မှုဆက်ရှိနေကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ထိုးစစ်ဆင်ပြီး နေရာဝင်ယူထားသည့် ဖလူးဒေသကို KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)၊ ကရင်အမျိုးသားကာကွယ်ရေး တပ် (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ယနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့သည် ဟုဆိုသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်၊ ဓာတ်ပုံ – CJ)

“ကျွန်တော်ကြားတာတော့ စခန်းကတော့ တစ်ခုတော့ရတယ်။ ဒါ့ပေမဲ့ အခု အဲဒီ စခန်းကို ရန်သူက ပြန်လာပြီးတော့ တိုက်ခိုက်တာပေါ့။ အခုထိတော့ သူတို့ တိုက်လို့မရသေးဘူး အဲဒီလိုတော့ သိထားတယ်။ လေးကေ့ကော် ဖလူး အခြေအနေက အခု ပစ်နေတုန်းပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်အနေဖြင့် ယနေ့ တိုက်ပွဲတွင် လေကြောင်းပစ်ကူဖြင့်လည်း လာရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆိုသည်။

“သူတို့ပြောတာတော့ ထိခိုက်မှုရှိတယ် သွေးတွေထွက်တာသူတို့တွေ့တယ်။ ဒါပေမဲ့အလောင်းတော့ မရဘူးပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်ငယ်အချို့နှင့် လက်နက်ကြီး တစ်လက် ရရှိထားသည်ဟုသိရကြောင်း ၎င်းက ဆိုသည်။

ကရင်သတင်းဌာန KICကလည်း ဖလူးဒေသအား KNLA ပူးပေါင်းတပ်က ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) နေ့လည်ပိုင်း၌ ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း စစ်မြေပြင်မှ တပ်မှူး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းလာခြင်းကြောင့် ၂၀၂၁ ဒီဇင်ဘာလလယ်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်က လက်နက်ကြီး အလွန်အကျွံပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် KNU ဦးဆောင်သည့် ပူးပေါင်းတပ်မှ နေရာအချို့ ဖယ်ပေးခဲ့ရပြီး ယခု ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။