Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးဗြဲတွင် စစ်​ကောင်စီတပ်ကို ပူး​ပေါင်းတိုက်ခိုက်ရာ ​ထိခိုက်​သေဆုံးမှုများနိုင်ဟု ဖယ်ခုံ PDF ​ပြော

တိုက်ပွဲတွင် စစ်ကောင်တပ်ဘက်မှ ဒဏ်ရာရ သေဆုံးမှုကို အတိကျမသိရသေးသော်လည်းဒဏ်ရာရ သေဆုံးမှုများနိုင်ပြီး ဖယ်ခုံ PDF မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖယ်ခုံPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓာတ်ပုံ - PKPF

မိုးဗြဲမြို့၌ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် နေရာအား ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းဝင်တိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများ ပြားနိုင်ကြောင်း ဖယ်ခုံ PDFက ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်)နံနက် ၄ နာရီ ၄၅မိနစ်က မိုးဗြဲ မြို့ ညောင်ဝိုင်းရပ်ကွက်ကို ဝင်ရောက် တိုက်ခဲ့ခြင်းဖြစ်သည်။

“မိုးဗြဲမြို့တွင်းနေရာအနှံ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မိမိတို့ PK PDF နှင့်ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့မနက် ၄း၄၅မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်”ဟု ဖယ်ခုံ PDFက ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်တပ်ဘက်မှ ဒဏ်ရာရ သေဆုံးမှုကို အတိကျမသိရသေးသော်လည်းဒဏ်ရာရ သေဆုံးမှုများနိုင်ပြီး ဖယ်ခုံ PDF မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ ရှမ်းတောင် ဖယ်ခုံ နှင့် မိုးဗြဲ​မြို့နယ်သို့ တင့်ကားအပါအဝင် အင်အား ၂၀၀ ကျော်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ယမန်​နေ့ကလည်း တိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် မိုးဗြဲမြို့ရှိ​နေအိမ်တစ်လုံး မီး​လောင်ပျက်စီးခဲ့ရသည်။

အကြမ်းဖက်စစ်တပ်သည် မိုးဗြဲမြို့နယ် နေရာအများစုတွင် တပ်စွဲထားပြီး မကြာမီရက်ပိုင်း၌ အပြင်းအထန် ထိုးစစ်ဆင်လာနိုင်သောကြောင့် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်းလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ထို့ကြောင့် မိုးဗြဲ မြို့နေ ပြည်သူများအနေဖြင့် လုံခြုံရာဘေးကင်းသို့ နေရာများသို့ အမြန်ဆုံးရွှေ့ ပြောင်းနေထိုင်ရန်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။