Connect with us

Hi, what are you looking for?

News

မန္တလေးမြို့ စိန်ပန်းရပ် ကို စစ်ကောင်စီတပ် ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ဝင်မွှေနေ

ဒီနေ့မနက်ပိုင်းမှာတော့ စိန်ပန်းရပ်က အုပ်ကျင်းတာရိုး ၊ ၂၄ ကျောင်းရှေ့ ၊ ပတ္တာရပ်ကွက်တို့မှာ တစ်အိမ်တက်ဆင်း ရှာဖွေတာတွေလုပ်နေပြီး နေအိမ်မှာနေကြသူတွေရဲ့ ဖုန်းတွေကို စစ်ဆေးတာမျိုးရှိတယ်လို့သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီယာဉ်တန်းကိုတွေ့ရစဉ် (ပုံဟောင်း)

မန္တလေးမြို့ စိန်ပန်းရပ်မှာရှိတဲ့ ရပ်ကွက်အချို့ကို စစ်ကောင်စီတပ်တွေဟာ ပိတ်ဆို့ပြီး နေအိမ်တွေကို တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒါဟာ ဒုတိယအကြိမ် မြောက်ပိတ်ဆို့ စစ်ဆေးတာဖြစ်ပြီး ဖေဖော်ဝါရီလ ၉ ရက်ကလည်း စိန်ပန်းရပ်ကို စစ်ဆေးတာတွေ လုပ်ခဲ့ပါသေးတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ စိန်ပန်းရပ်က အုပ်ကျင်းတာရိုး ၊ ၂၄ ကျောင်းရှေ့ ၊ ပတ္တာရပ်ကွက်တို့မှာ တစ်အိမ်တက်ဆင်း ရှာဖွေတာတွေလုပ်နေပြီး နေအိမ်မှာနေကြသူတွေရဲ့ ဖုန်းတွေကို စစ်ဆေးတာမျိုးရှိတယ်လို့သိရပါတယ်။

အဲဒီရပ်ကွက်တွေအပြင် သံလျက်မှော်အနောက်ရပ်ကွက် ကိုလည်းအဝင်အထွက် ပိတ်ပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ မွန်းလွဲပိုင်း အချိန်ထိ စစ်ကောင်စီတပ်တွေ စိန်ပန်းရပ်ကို မွှေနေတုန်းလို့သိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်က စိန်ပန်းရပ်ကို ပိတ်ဆို့ရှာဖွေချိန်မှာ လူ ၃၀ လောက်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတာရှိပါတယ်။

မန္တလေးမြို့ပေါ် ဆန္ဒပြမှုမှာ ပါဝင်သူအချို့ဟာ စိန်ပန်းရပ်မှာ ခိုလှုံနေကြတယ်လို့စစ်ကောင်စီက တွက်ဆပြီး အခုလိုရှာဖွေတာတွေလုပ်နေတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။