Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG နဲ့တွေ့ဆုံစကားပြောဖို့ စစ်ကောင်စီကို အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုမယ်

စေ့စပ်ရေးမှာ တစ်ဖက်တည်းနဲ့ပဲ စကားပြောလို့မရပေမယ့် NUG ကို စစ်ကောင်စီဘက်က အကြမ်းဖက်အဖြစ် သတ်မှတ်ထားတာရှိတယ်လို့ မစ္စတာပရက်ဆွန်ခွန်းကပြောပါတယ်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့အတွက် လာမယ့် မတ်လထဲမှာ မြန်မာနိုင်ငံကိုသွားရောက်နိုင်ဖို့နဲ့ NUG အစိုးရနဲ့ တွေ့ဆုံဖို့အတွက် စစ်ကောင်စီကို တောင်းဆိုသွားမယ်လို့ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရက်ဆွန်ခွန်းက ပြောလိုက်ပါတယ်။

ဒီနေ့ ဖနွင်းပမှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

စေ့စပ်ရေးမှာ တစ်ဖက်တည်းနဲ့ပဲ စကားပြောလို့မရပေမယ့် NUG ကို စစ်ကောင်စီဘက်က အကြမ်းဖက်အဖြစ် သတ်မှတ်ထားတာရှိတယ်လို့ မစ္စတာပရက်ဆွန်ခွန်းကပြောပါတယ်။

စစ်ကောင်စီဟာ NUG ကို စကားမပြောဘူးဆိုရင် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ နှစ်ဖက်ကြားမှာ ဆက်သွယ်ရေးတံတားအဖြစ် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာတော့ မစ္စတာပရက်ဆွန်ခွန်းကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာကိုအတည်ပြုခဲ့ကြပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မစ္စတာပရက်ဆွန်ခွန်းကို NUG နဲ့တွေ့ဆုံဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုက်တွန်းထားတာရှိပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးဖို့လက်လျော့လိုက်ကြောင်း မနေ့က ဝန်ခံပြောကြားလိုက်ပါသေးတယ်။

ကမ္ဘောဒီးယားအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတာ တစ်လခွဲသက်တမ်းရောက်လာချိန်ထိ စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တာတိုးတက်မှုမရှိဘူးလို့ ဟွန်ဆန်က ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံ့အရေးကို ဖြေရှင်းဖို့ ဆန္ဒမရှိ ရင် ကျန်တဲ့သူတွေအနေနဲ့ ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ဟွန်ဆန်က ပြောပါသေးတယ်။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။