Connect with us

Hi, what are you looking for?

News

NUG နဲ့တွေ့ဆုံစကားပြောဖို့ စစ်ကောင်စီကို အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုမယ်

စေ့စပ်ရေးမှာ တစ်ဖက်တည်းနဲ့ပဲ စကားပြောလို့မရပေမယ့် NUG ကို စစ်ကောင်စီဘက်က အကြမ်းဖက်အဖြစ် သတ်မှတ်ထားတာရှိတယ်လို့ မစ္စတာပရက်ဆွန်ခွန်းကပြောပါတယ်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့အတွက် လာမယ့် မတ်လထဲမှာ မြန်မာနိုင်ငံကိုသွားရောက်နိုင်ဖို့နဲ့ NUG အစိုးရနဲ့ တွေ့ဆုံဖို့အတွက် စစ်ကောင်စီကို တောင်းဆိုသွားမယ်လို့ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရက်ဆွန်ခွန်းက ပြောလိုက်ပါတယ်။

ဒီနေ့ ဖနွင်းပမှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

စေ့စပ်ရေးမှာ တစ်ဖက်တည်းနဲ့ပဲ စကားပြောလို့မရပေမယ့် NUG ကို စစ်ကောင်စီဘက်က အကြမ်းဖက်အဖြစ် သတ်မှတ်ထားတာရှိတယ်လို့ မစ္စတာပရက်ဆွန်ခွန်းကပြောပါတယ်။

စစ်ကောင်စီဟာ NUG ကို စကားမပြောဘူးဆိုရင် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ နှစ်ဖက်ကြားမှာ ဆက်သွယ်ရေးတံတားအဖြစ် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာတော့ မစ္စတာပရက်ဆွန်ခွန်းကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာကိုအတည်ပြုခဲ့ကြပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မစ္စတာပရက်ဆွန်ခွန်းကို NUG နဲ့တွေ့ဆုံဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုက်တွန်းထားတာရှိပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးဖို့လက်လျော့လိုက်ကြောင်း မနေ့က ဝန်ခံပြောကြားလိုက်ပါသေးတယ်။

ကမ္ဘောဒီးယားအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတာ တစ်လခွဲသက်တမ်းရောက်လာချိန်ထိ စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တာတိုးတက်မှုမရှိဘူးလို့ ဟွန်ဆန်က ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံ့အရေးကို ဖြေရှင်းဖို့ ဆန္ဒမရှိ ရင် ကျန်တဲ့သူတွေအနေနဲ့ ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ဟွန်ဆန်က ပြောပါသေးတယ်။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။