Connect with us

Hi, what are you looking for?

News

မိုးဗြဲတိုက်ပွဲ KGZ တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၁ဦးသေ

မိုးဗြဲမြို့နှင့် အနီးတဝိုက်သို့အင်အားအများအပြား ဖြည့်တင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း PDFများ၊ KGZ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) စသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရာဖေဖော်ဝါရီ ၁၆ရက်မှစ၍ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေသည်။

ဖယ်ခုံမြို့နယ် မိုးဗြဲတိုက်ပွဲတွင် Karenni Generation Z (KGZ) အဖွဲ့၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး၅ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KGZ က
ယ​နေ့ (​ဖေ​ဖော်ဝါရီ ၁၇) ညတွင် သတင်းထုတ်ပြန်သည်။

မိုးဗြဲမြို့နှင့် အနီးတဝိုက်သို့အင်အားအများအပြား ဖြည့်တင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း PDFများ၊ KGZ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) စသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရာဖေဖော်ဝါရီ ၁၆ရက်မှစ၍ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေသည်။

​ဖေ​ဖော်ဝါရီ ၁၇ တိုက်ပွဲတွင် KGZ တာဝန်ယူထားသော နယ်မြေသို့စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်လာ၍ KGZ တပ်သားများ အသင့်အနေအထားဖြင့် တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဖော်ပြသည်။ စစ်ကောင်စီဘက်မှလက်နက်ကြီး အလွန်အကျွံသုံး ပစ်ခတ်ခြင်းကြောင့် KGZ တပ်သားများ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ထိုသို့ဆုတ်ခွာစဉ် လက်နက်ကြီးထိမှန်သူ ၂ဦးရှိခဲ့၍ ဆေးခန်းရှိရာသို့ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယနေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြား၍ လေကြောင်းတိုက်ခိုက်မှုကို ညနေ ၆နာရီနောက်ပိုင်း၌ နှစ်ကြိမ်ပြုလုပ်လာခဲ့သည်ဟုလည်း​ဖော်ပြထားသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များမှ ရဲဘော်အချို့ထိခိုက်သေဆုံးမှုများရှိကြောင်းလည်း သက်ဆိုင်ရာအ
ဖွဲ့များကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။