Connect with us

Hi, what are you looking for?

News

ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးဟု ထုတ်ပြန်

ယခုကာလတွင် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်အကျပ်ကိုင်နေသော အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်းတို့၏ နောက်လိုက်များရန်မှ ကာကွယ်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ​နေ​သော ပြည်မြို့​ဒေသခံများကို ၂၀၂၁​ဖေ​ဖော်ဝါရီ၇ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ပဲခူးတိုင်း၊ ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီးကြောင်း ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်)ထုတ်ပြန်ကြေညာသည်။

ယခုကာလတွင် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်အကျပ်ကိုင်နေသော အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်းတို့၏ နောက်လိုက်များရန်မှ ကာကွယ်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြည်သူရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက နာယကများအဖြစ်တာဝန်ယူကာ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ၁ ဦး၊ ဒုတိယခေါင်းဆောင် ၁ ဦးနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ခံ၁၀ဦး စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့် ရှောက်ရန် ပြည်သူ့အုပ်ချုပ် ရေးအစီအစဉ် အကောင်အထည်ဖော်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက မူဝါဒများ ချမှတ်ထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်အချုပ်အခြာအာဏာကို အကြမ်းဖက်စစ်ကောင်စီက လက်နက် အားကိုး၍ အဓမ္မသိမ်းယူခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့် ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တယားကို အပြည့်အ၀ ထိန်းချုပ် လည်ပတ်စေရန် စွမ်းဆောင်နိုင်ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်အုပ်ကို လက်နက်ဖြင့်ပါ တော်လှန်ခုခံတိုက်ခိုက်နေသည်။

သတင်း

ယခု ပြန်လည်ဖွဲ့စည်းရာ၌ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၂ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁ဦး၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် ၄ဦး၊ ဌာနဆိုင်ရာ တာဝန်ခံ ၂ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတူပီ -CDF) တာဝန်ခံ ၂ဦး ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ် ၁၀ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း...

သတင်း

ယနေ့ ကော့ကရိတ်တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

သတင်း

မြို့နယ်တရားစီရင်ရေး၏ဆုံးဖြတ်ခဲ့​သော အမှု ၈ခုအနက် တင်ကူးကြံစည် လူသတ်မှုတစ်ခုကို သေဒဏ်ချမှတ်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။