Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့တိုက်ခိုက်မှု ပြည်သူ့အုပ်ချုပ်ရေးတိုးချဲ့ရန် စတင်အကောင်အထည်ဖော်သည့်ထိုးစစ်ဟု KNU သတင်းရင်းမြစ်ပြော

ယနေ့ ကော့ကရိတ်တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

(သေဆုံးနေသော စစ်ကောင်စီ​၏ ရဲတပ်သားအလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - Supplied)
(သေဆုံးနေသော စစ်ကောင်စီ​၏ ရဲတပ်သားအလောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - Supplied)

▪️တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ကောင်စီအုပ်ချုပ် ရေးယန္တရားလည်ပတ်မှုပျက်စေရန် ဆောင်ရွက်မည်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်ဖွဲ့သည် ယနေ့နံနက်မှစ၍ ကော့ကရိတ် မြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတည်ရှိရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်လျက်ရှိသည်။

ယနေ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ပူးပေါင်းတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ထွေအုပ်ရုံးအပါအဝင်ဌာနဆိုင်ရာ ရုံးများရှိသည့် စုပေါင်းရုံးအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

“မြို့သိမ်းသဘော အကောင်အထည်ဖော်တဲ့သဘော။ ဒါပေမဲ့ မသိမ်းနိုင်သေးဘူး။အဓိကရည်ရွယ်ချက်က အုပ်ချုပ်ရေးနယ်မြေ တိုးချဲ့ရေးပေါ့” ဟု KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရန်သူ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်၍ မရအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

” ရန်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်မှု ပျက် ပြားဖို့နဲ့ အုပ်ချုပ်ရေးနယ်မြေ တိုးချဲ့ဖို့ စအကောင် အထည် ဖော်တာ။ နောက်ပိုင်းမှာ မကွေးတို့ မန္တလေးတို့ တစ်ပြည်လုံးအတိုင်းအတာ ရန်သူ့ရဲ့အုပ်ချုပ်ရေးယန္တရားကိုပျက်ပြယ်သွားဖို့ စတင်အကောင်အထည်ဖော်တာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဓိက ကြုံရသည့် ပြဿနာမှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို ထိခိုက်အောင် လက်နက်ကြီးရမ်းပစ်ခြင်း၊လေကြောင်း တိုက်ခိုက်ခြင်းများကို လူထုကို ပစ်မှတ်ထား ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

စစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထုကို ငဲ့ညှာနေရ၍ လုပ်ငန်းတိုးတက်မှု ရှိသင့်သလောက် မရှိခဲ့ဟု ၎င်းကဆိုသည်။

“အတက်နိုငဆုံးတော့ ရှောင်ပါတယ်။ ဖြစ်တာနဲ့ လက်နက်ကြီးနဲ့ ပစ်တာဆိုတော့ ရွာသားတွေ သေတာ ကြေတာရှိတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ယနေ့ ကော့ကရိတ်တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“ကော့ကရိတ်မြို့နဲ့ ကော့နွယ်အုပ်စုထဲမှာပဲ ဖြစ်နေကြတယ်။ လေယာဉ် နှစ်ခေါက် သုံးခေါက် လာသွားတယ်။ ဒီမနက်မှာ။ မြို့နေ ပြည်သူလူထုတွေတော့ နှစ်ယောက်ဆုံးသွားတယ်လို့ ပြောတယ် လက်နက်ကြီးကြောင့်ပေါ့နော်”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

“ဝန်ထမ်းအိမ်ယာတွေ အကုန်ဝင်စီးပြီး ခုခရိုင်ရုံးကို ဝင်ပစ်နေကြပြီ။ ထိုးစစ်ကြီးတယ်လို့ ပြောကြတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။