Connect with us

Hi, what are you looking for?

News

ပူတာအိုတိုက်ပွဲ ငါးကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၇၀ ခန့်သေဆုံးနိုင်ဟု PDF ခန့်မှန်း

“ကျွန်တော်တို့ PDF ကလေးတွေက တိုက်ပွဲ ၅ကြိမ်တောင်မှ ထိခိုက်ဒဏ်ရာရတဲ့သူမရှိခဲ့ပါဘူ”ဟု ၎င်းကဆက်​ပြောသည်။

●ပူတာအို PDF မှတစ်​ယောက်မျှထိခိုက်ကျဆုံးခဲ့ခြင်းမရှိ

ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်(PDF) အနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးခန့်သေဆုံးနိုင်သည်ဟု ခန့်မှန်းရကြောင်း ပူတာအို PDF စည်းရုံးရေးမှူး ကိုအယုံက ပြောကြားသည်။

ကချင်ပြည်နယ်အ​ခြေစိုက်သတင်းဌာန The 74 Media က ကိုအယုံ အား မေးမြန်းထားသည့် အင်အာဗျူး၌ အထက်ပါအတိုင်း ဖြေကြားထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ PDF ကလေးတွေက တိုက်ပွဲ ၅ကြိမ်တောင်မှ ထိခိုက်ဒဏ်ရာရတဲ့သူမရှိခဲ့ပါဘူ”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ပူတာအို PDFတွင် ဒေသခံများ ၍ နယ်မြေကျွမ်းကျင်မှုဘက်၌ အားသာကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်သူကိုသာ ခြိမ်းခြောက်နိုင်ပြီး လက်နက် ကိုင်အဖွဲ့အချင်းချင်း ဖြစ်ပါက လေယာဉ်ကိုသာအားကိုးနေသည်ဟု ကိုအယုံက ရှင်းပြသည်။

ပူတာအို PDF အနေဖြင့် စနစ်ဆိုး တစ်ခုကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ရဝမ်လူမျိုးများ KIAနှင့် အတူ လက်တွဲ ပါဝင်လာခြင်းမှာ စနစ်ဆိုးတစ်ခုကို တွန်းလှန်ရမည်ဆိုသည့် မိမိ၏ အသိစိတ်အရ ဖြစ်ကြောင်း ကိုအယုံက ပြောသည်။

ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်၌ တာဝန်ထမ်းဆောင်နေသူများ အနေဖြင့်လည်း ပြည်သူကို ကြည့်ပြီး ပြည်သူလိုလားမှုကို အလေးထားစေချင်ကြောင်း ၎င်းက တိုက်တွန်းသည်။

တိုက်ပွဲဝင်နေသည့် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးသမားများကို အားပေးစကား ဘာပြောချင်လဲဟု The 74 မီဒီယာက မေးမြန်းရာ ကိုအယုံက အခက်အခဲအမျိုးမျိုးရှိနိုင်သော်လည်း ယုံကြည်ရာကိုဆွဲကိုင်ပြီးမှစိတ်ရှည်ရန် မှာချင်သည်ဟု ပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဘာပြောချင်လဲဟု မေးမြန်းရာ ကိုအယုံက “မင်းအောင်လှိုင်ကိုကကြတော့ ကျွန်တော်တို့က မြန်မြန်သေစေချင်တယ်” ဟု ပြောသည်။

PDF အဖွဲ့အစည်း အောင်မြင်ရန် ပြည်သူများ တသားတည်းရှိရန်၊ စည်းရုံးရန်လိုကြောင်း ပူတာအို PDF စည်းရုံးရေးမှူး ကိုအယုံက ပြောသည်။

ပူတာအို PDFအနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းပြီး ပူတာအိုမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီစစ်ကြောင်း အချို့ကို ခုခံတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။