Connect with us

Hi, what are you looking for?

News

ဂန့်​​ဂေါတွင် စစ်​ကောင်စီနှင့်အကျိုးတူ ကုမ္ပဏီနှစ်ခုကို ပြည်သူ့ကာကွယ်​ရေးတပ်က ချိတ်ပိတ်ပြီး​နောက် ကျန်ကုမ္ပဏီ​နှစ်ခုလည်း လုပ်ငန်းရုပ်သိမ်းရပ်နား

“ဆောက်လုပ်ရေး ကုမ္ပဏီ ၄ခုလုံး ရုပ်သိမ်းထွက်ခွာသွားပါပြီ။ဆောက်လုပ်ရေးပစ္စည်း အပ်တိုတစ်ချောင်းမှ မကျန်အောင် ၁၂ ဘီးကား ၄စီးနဲ့သယ်သွားပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသော ဆောက်လုပ်ရေးကုမ္ပဏီများကို သုံးရက်အတွင်း လုပ်ငန်းရပ်ဆိုင်းရန် သတိပေးပြီးနောက် လိုက်နာမှုရှိခဲ့ကြောင်း ဂန့်ဂေါမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ဂန့်ဂေါမြို့ စိုင်ဒူး GTC ဝင်းအတွင်း စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ကိုင်ခွင့်ရနေသည့် ဆောက်လုပ်ရေး တာဝန်ယူနေသော ကုမ္ပဏီ လေးခုရှိပြီး ယောဘရားသားကုမ္ပဏီ (ဦးလွင်ဦး)နှင့် မြစ်သာဂန့်ဂေါကုမ္ပဏီ (ဦးစောလွင်)တို့အား ပြည်သူ့ကာကွယ်ရေးမြေပြင်ပူးပေါင်းအဖွဲ့များမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် လုပ်ငန်းရပ်ဆိုင်း ချိတ်ပိတ်ခဲ့သည်။

ထို့နောက် ကျန်ရှိနေသည့် ဟိုပန်မန္တလာကုမ္ပဏီနှင့် ဇွဲရဲရင့် ကုမ္ပဏီတို့အနေဖြင့် သုံးရက်အတွင်းလုပ်ငန်းများရုပ်သိမ်းပြီး အမြန်ဆုံးထွက်သွားရန် သတိပေးခဲ့သည်။

“ဆောက်လုပ်ရေး ကုမ္ပဏီ ၄ခုလုံး ရုပ်သိမ်းထွက်ခွာသွားပါပြီ။ဆောက်လုပ်ရေးပစ္စည်း အပ်တိုတစ်ချောင်းမှ မကျန်အောင် ၁၂ ဘီးကား ၄စီးနဲ့သယ်သွားပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြေပြင်ပြည်သူ့တပ်ဖွဲ့ဝင်များ၏ သတိ ပေးချက်ကို အလေးနက်ထား လိုက်နာပေးသည့် ကုမ္ပဏီ ​လေးခုကို ကျေးဇူးအထူးတင်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

အလားတူ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်နှင့် ၎င်းနှင့်ဆက်နွယ်သည့် ကုမ္ပဏီများမှ ထုတ်ကုန်ပစ္စည်းများ ရောင်းဝယ်၊ဖောက်ကားသယ်ဆောင်ခြင်းမပြုရန် ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတိပေးထုတ်ပြနထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။