Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်မှ စစ်​ကောင်စီလက်​အောက်ခံဝန်ထမ်းများ ​ဖေ​ဖော်ဝါရီ ၂၈ နောက်ဆုံးထား CDMပြုလုပ်ရန် PDFကနီ သတိ​ပေး

ကနီမြို့နယ်​တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များကုန်ကြောင်းနှင့်ရေကြောင်းတွင်ပါ ထိတွေ့တိုက်ခိုက်မှုများမကြာခဏဖြစ်ပေါ်နေသည်။

(PDF(ကနီ)တပ်ဖွဲ့ဝင်များ စစ်သင်တန်းဆင်းပွဲပြုလုပ်​နေစဥ်။ ဓါတ်ပုံ-PDF ကနီ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non CDMဝန်ထမ်းများ ဖေဖော်ဝါရီ ၂၈ ရ​က် ညနေ၄ နာရီအချိန် နောက်ဆုံးထား CDM ပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က သတိပေးလိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်)တွင် NON-CDM ဝန်ထမ်းများနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ကနီမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး ဖေဖော်ဝါရီလ ၂၈ ရ​က် ညနေ ၄နာရီအချိန် နောက်ဆုံးထား၍ CDMပြုလုပ် ချိတ်ဆက်စာရင်းပေးသွင်းရန်၊ CDM မပြုလုပ်နိုင်သော စစ်​ကောင်စီထောက်တိုင်ဝန်ထမ်းများအားလုံး ယနေ့မှစ၍ ကနီမြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာရန်၊ စကစ ထောက်တိုင် ရပ်ကွက်၊ ကျေးရွာအုပ်မှူးများအားလုံး ထမ်းဆောင်ဆဲ တာဝန်များမှ နှုတ်ထွက်ရန်၊ အခြားဒေသများမှ Non CDM စကစထောက်တိုင်ဝန်ထမ်းများ ကနီမြို့နယ်အတွင်း လာရောက်ခိုလှုံခြင်းမပြုရန်၊ သက်မှတ်ရက်အတွင်း CDM ပြုလုပ်ရန် ၊ နှုတ်ထွက်ရန် ပျက်ကွက်သူများကိုလူထုတော်လှန်ရေး၏ ဆူးညှောင့် ခလုတ်များဟုမှတ်ယူကာ အမြစ်ပြတ်သုတ်သင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) PDF(Kani) က အသိပေးကြေညာသည်။

ကနီမြို့နယ်​တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များကုန်ကြောင်းနှင့်ရေကြောင်းတွင်ပါ ထိတွေ့တိုက်ခိုက်မှုများမကြာခဏဖြစ်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။