Connect with us

Hi, what are you looking for?

News

ခေတ်အဆက်ဆက် ပြည်ထောင်စုအရေး၌ ချင်းလူမျိုးများ တာဝန်ကျေပွန် ခဲ့ကြဟု NUG သဝဏ်လွှာပို့

သမိုင်းအစဉ်အဆက် မတရားမှုအတွက် ရှေ့ဆုံးမှ ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့် ချင်းပြည်နယ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထု စည်းလုံးစွာ ပါဝင်ဆင်နွှဲနေ သည်မှာ နိုင်ငံတစ် ဝှမ်းလုံးကပင် လေးစားဂုဏ်ယူလောက်ဖွယ်ဖြစ်ကြောင်း CRPH က မှတ်ချက်ပြုသည်။

ချင်းပြည်သူလူထုအတွက် ဆက်လက်ပံ့ပိုးကူညီပေးကြပါရန် CRPH တောင်းဆို

ချင်း လူမျိုးများသည် ခေတ်အဆက်ဆက် ပြည်ထောင်စုအရေး ကျရာကဏ္ဍမှ တာဝန် ကျေပွန်ခဲ့ကြသူများ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရက ယနေ့ ကျရောက်သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာ ပေးပို့ရာတွင် ထည့်သွင်း ဖော်ပြထားသည်။

ချင်းအမျိုးသားနေ့ဆိုသည်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအပါအဝင်၊ နယ်မြေဒေသအလိုက် မျိုးနွယ်စုအကြီးအကဲများ အုပ်ချုပ်သည့် စနစ်အစား ဒီမိုကရေစီပြည်သူ့အုပ်ချုပ်မှုစနစ်ဖြင့် အစားထိုး ကျင့်သုံးရန် ချင်းတစ်မျိုးသားလုံးက မိမိတို့၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအသုံးပြု၍ ရွေးချယ် ဆုံးဖြတ်ခဲ့ကြ သည့် သမိုင်းဝင်ကြိုးပမ်းအားထုတ်ခဲ့မှုများကို ဖော်ညွန်းသည့်နေ့ရက်ဖြစ်ကြောင်း သဝဏ်လွှာ ၌ ဖော်ပြသည်။

ချင်းတောင်တန်းဒေသသည်ကချင်တောင်တန်းဒေသ၊ဖက်ဒရယ်ရှမ်းပြည် (Federated Shan States)၊ ဗမာပြည်မ (Ministerial Burma) တို့နှင့်အတူ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ပြည်ထောင်စုအဖွဲ့ဝင်ပြည်ထောင်တစ်ခုဖြစ်လာခဲ့ကြောင်း၊ ထို့ကြောင့် ချင်းပြည်နှင့်ချင်းလူမျိုးများသည် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ဘက် ပြည်ထောင်တစ်ခု၊ လူမျိုးတစ်မျိုးဖြစ်ကြောင်း NUGက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်သည် အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းယူမှုကို ချင်းလူမျိုးများ အပါအဝင် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီး သတ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများလွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ကို ဆင်နွဲနေကြသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အသီးသီး၏ ထူးချွန်ပြောင်မြောက်စွာ စွန့်လွတ်စွန့်စား တိုက်ပွဲ ဝင်နေမှုများကိုအထူးလေးစားဂုဏ်ပြုကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ယနေ့ကျရောက်သော (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့မှစ၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ချင်း အမျိုးသားလွတ်မြောက်ရေးနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး အတွက် ချင်းအမျိုးသမီး၊ အမျိုးသားများ၏ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများ လျင်မြန်ပြည့်စုံစွာပြီးမြောက် အောင်မြင်နိုင် ပါစေဟုလည်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို သဝဏ်လွှာပေးပို့ပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ ယှဉ်တွဲနေထိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး‌ တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းသည်။

သမိုင်းအစဉ်အဆက် မတရားမှုအတွက် ရှေ့ဆုံးမှ ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့် ချင်းပြည်နယ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထု စည်းလုံးစွာ ပါဝင်ဆင်နွှဲနေ သည်မှာ နိုင်ငံတစ် ဝှမ်းလုံးကပင် လေးစားဂုဏ်ယူလောက်ဖွယ်ဖြစ်ကြောင်း CRPH က မှတ်ချက်ပြုသည်။

အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ ကျူးလွန်လုပ်ဆောင်နေခြင်းကြောင့် ကြွေလွင့်သွားခဲ့သော ချင်းသူရဲကောင်းများ၊ ၎င်းတို့၏ မိသားစုများ၊ ပျက်စီးဆုံးရှုံးသွားသည့် မြို့၊ ရွာ၊ နေအိမ်များ၊ စစ်ဘေးဒဏ်ကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်သူလူထုအတွက် ဆက်လက်ပံ့ပိုးကူညီပေးကြပါရန် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများနှင့် အဖွဲ့အစည်းများကို CRPH က တောင်းဆိုတိုက်တွန်းထားသည်။

(၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မလေးရှားရောက် ချင်းတိုင်းရင်းသားများစုပေါင်း၍ ဖေဖော်ဝါရီ ၁၉ရက်က Lautu ဘုရားကျောင်း၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ – Cnf Chin)

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook