Connect with us

Hi, what are you looking for?

News

ကနီတွင် စစ်​ကြောင်းထိုး​နေ​သော အကြမ်းဖက်စစ်​ကောင်စီတပ်က ချိုင်ရွာမှပြည်သူတစ်ဦးကို ​သေနတ်ဖြင့်ပစ်သတ်

အကြမ်းဖက် စစ်ကောင်စီတပ်သည် ချိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချခဲ့ပြီး ကျေးရွာအတွင်းကဈေးဆိုင်အိမ်များနှင့် အောင်သရဖူ စာသင်ဝိုင်းနေအိမ်ရှိ ပစ္စည်းများအား သိမ်းဆည်းယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့)

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဝင်ရောက်လာ၍ ထွက်ပြေးသည့်ပြည်သူများအား စစ်တပ်ကလိုက်လံပစ်ခတ်ရာ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ (ဖေဖော်ဝါရီ၁၉ ရက်)နံနက် ၁၁နာရီဝန်းကျင်က ကနီမြို့နယ်၊ ချိုင်ကျေးရွာသို့ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ ဝင်ရောက်လာခဲ့ကြောင်း၊ ရွာသူရွာသားများသည် စစ်ကောင်စီတပ်သားများ ချင်းတွင်းမြစ်ကို ဖြတ်သန်းလာချိန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ရွာတွင်နောက်ဆုံးကျန်နေသည့် ကိုဇော်ခိုင်ဝင်းဆိုသူကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူသည် အသက်၄၀ ဝန်းကျင်ခန့်ရှိပြီး ရင်ဘက်ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အလောင်းကို စစ်ကောင်စီတွေထွက်သွားတဲ့အချိန်ကျမှ ကောက်ယူခဲ့ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ချိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချခဲ့ပြီး ကျေးရွာအတွင်းကဈေးဆိုင်အိမ်များနှင့် အောင်သရဖူ စာသင်ဝိုင်းနေအိမ်ရှိ ပစ္စည်းများအား သိမ်းဆည်းယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည်ယနေ့(ဖေဖော်ဝါရီ၂၀ရက်နေ့)တွင် ချိုင်ကျေးရွာမှထွက်ခွာသွားခဲ့ပြီး အိုင်ထောင်ကျေး‌ရွာသို့ရောက်ရှိနေကာ ​ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်ဆွဲထားပြီး ကျေးရွာအတွင်းက ပြည်သူများ၏အခြေခံစားသောက်ကုန်များအား ယူဆောင်ကာချက်ပြုတ်စားနေကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

ဖေဖော်ဝါရီ၁၈ရက်နေ့ည ၈နာရီ ၂၀ ခန့်ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ချိုင်ကျေးရွာရှိ လူ​နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။