Connect with us

Hi, what are you looking for?

News

ကျားပါးစပ်တောင်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုရှိ၊ မိုးဗြဲ PDFမှ ရဲဘော်တစ်ကျဆုံး

တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများနှင့် သေဆုံးမှုများရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ဖော်ပြသည်။ ယင်းတိုက်ပွဲ၌ မိုးဗြဲ PDFမှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟုဆိုသည်။

(ကျားနှစ်​ကောင်တိုက်ပွဲတွင် ကျဆုံးခဲ့​သော ရဲ​ဘော်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - မိုးဗြဲ PDF)

မိုးဗြဲမြို့အနီး ကျားပါးစပ်တောင်သို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်နှင့် မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်(PDF)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု မိုးဗြဲ PDFက သတင်းထုတ်ပြန်သည်။

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၁၉ရက် နေ့လယ်ပိုင်းမှ ညနေပိုင်းအထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီး အဆမတန် အသုံးပြုခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများနှင့် သေဆုံးမှုများရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ဖော်ပြသည်။ ယင်းတိုက်ပွဲ၌ မိုးဗြဲ PDFမှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟုဆိုသည်။

မိုးဗြဲမြို့နှင့် အနီးတဝိုက်သို့ စစ်ကောင်စီတပ်က အင်အားများဖြည့်တင်းဝင်ရောက်လာ၍ ဖေဖော်ဝါရီ ၁၆ရက်မှစတင်၍ နေ့တိုင်းတိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် ဒေသတွင်း PDF တပ်များ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော် (KA)အပါအဝင် အဆိုပါဒေသရှိ တော်လှန် ရေးတပ်များပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။