Connect with us

Hi, what are you looking for?

News

သမိုင်း စီးတီးမတ်အနီးရှိ ရဲကင်းတိုက်ခိုက်ခံရပြီး စစ်​ကောင်စီတပ်သား ငါးဦး​သေဟု ဗမာ့လူငယ်ကွန်ရက်တပ်ဖွဲ့​ပြော

ကျန်ရှိသည့် စစ်သားသုံးဦးမှာလည်း ခန္ဓာကိုယ် အစိတ် အပိုင်းများပြတ်ထွက်သွားသည့်အတွက် စုစုပေါင်း စစ်ကောင်စီတပ်သားငါးဦး သေဆုံးသည်ဟု ဗမာ့လူငယ်ကွန်ရက်အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ရန်ကုန်မြို့ သမိုင်း စီးတီးမတ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ ရဲကင်းအား တိုက်ခိုက်ခဲ့ပြီး စစ်ကောင် စီတပ်သားငါးဦးသေဆုံးကြောင်း ဗမာ့လူငယ်ကွန်ရက်မြို့ပြ​ပြောက်ကျားစစ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ယ​နေ့(ဖေဖော်ဝါရီ ၂၁ ရက်) နေ့လယ်၁ နာရီမိနစ် ၂၀ခန့်က တိုက်ခိုက်ခဲ့သောစစ်ဆင်ရေးတွင် မျက်မြင်တွေ့ရှိသူများ၏အဆိုအရ စစ်သားတစ်ဦးနှင့် ယာဥ်ထိန်းရဲတစ်ဦးမှာ နေရာတွင်း ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဆိုသည်။

ကျန်ရှိသည့် စစ်သားသုံးဦးမှာလည်း ခန္ဓာကိုယ် အစိတ် အပိုင်းများပြတ်ထွက်သွားသည့်အတွက် စုစုပေါင်း စစ်ကောင်စီတပ်သားငါးဦး သေဆုံးသည်ဟု ဗမာ့လူငယ်ကွန်ရက်အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

“အဓိက နှစ်ထပ်ကင်းဖြစ်သွားခဲ့ရင် တခြားအင်အားစုတွေရော ကိုယ်တွေရော စစ်ဆင်ရေးအပြီး Back line တစ်ခုလျော့သွားမှာစိုးတယ်။တီးဖို့ သေချာလေး အစီအစဥ်ချပြီး တီးနိုင်ခဲ့တာဗျ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆင်ရေးကို ပူးပေါင်းဖော်ဆောင်ခဲ့သည့် ဗမာ့လူငယ်ကွန်ရက် မြို့ပြပြောက်ကျားစစ်တပ်ဖွဲ့ နှင့် Myanmar Defense Force မှ တပ်ဖွဲ့ဝင်များအားလုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

ယခုတစ်ကြိမ်အပါအဝင် သမိုင်း စီးတီးမတ်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့နေရာအား မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ သုံးကြိမ်တိုင် တိုက်ခိုက်နိုင်ခံရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။