Connect with us

Hi, what are you looking for?

News

ကောလင်းတွင် စစ်​ကောင်စီတပ် ကင်းလှည့်ယာဥ် တိုက်ခိုက်ခံရပြီး ၁၃ဦး​သေဟု KR ထုတ်ပြန်

ယနေ့(ဖေဖော်ဝါရီ ၂၁) နေ့လည် ၂နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီယာဥ် အသေးနှစ်စီးနှင့် အကြီးတစ်စီးပါယာဥ်တန်းကို ကောလင်းမြိုအရှေ့ဘက် ကားကြီးကွင်းအရှေ့ ရွှေမင်းဝံလမ်းမပေါ်တွင် မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကင်းလှည့်ယာဥ်တန်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၁၃ဦး သေဆုံးကြောင်း Kawlin Revolution -KR က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၁) နေ့လည် ၂နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီယာဥ် အသေးနှစ်စီးနှင့် အကြီးတစ်စီးပါယာဥ်တန်းကို ကောလင်းမြိုအရှေ့ဘက် ကားကြီးကွင်းအရှေ့ ရွှေမင်းဝံလမ်းမပေါ်တွင် မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

“နောက်ဆုံးမှပါလာသော ခွေးကားအကြီး ထိခိုက်ခဲ့ပြီး ကားနောက်ခန်းတွင်ပါလာသော စခ အကောင်၁၃ ကောင်ကို လားပင်စင်ပေးလိုက်နိုင် ကြောင်းသိရပါတယ်”ဟု KR က ဆိုသည်။

Public Service Announcement

အခင်းဖြစ်ရာနေရာရှိ သွေးကွက်များကိုလည်းစစ်ကောင်စီတပ်က တာရာကွင်းများဖြင့် မီးရှို့ကာ ဖျောက်ဖျက်ခဲ့သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောအကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်ပွားရာအနီးရှိ ​ဒေသခံပြည်သူ ခုနစ်ဦးကိုလည်း မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် တေယ်လှန်ရေး ရဲဘော်များသည် အထိအခိုက်မရှိ ဘေးကင်းရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။