Connect with us

Hi, what are you looking for?

LuduNwayOo

News

ကောလင်းတွင် စစ်​ကောင်စီတပ် ကင်းလှည့်ယာဥ် တိုက်ခိုက်ခံရပြီး ၁၃ဦး​သေဟု KR ထုတ်ပြန်

ယနေ့(ဖေဖော်ဝါရီ ၂၁) နေ့လည် ၂နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီယာဥ် အသေးနှစ်စီးနှင့် အကြီးတစ်စီးပါယာဥ်တန်းကို ကောလင်းမြိုအရှေ့ဘက် ကားကြီးကွင်းအရှေ့ ရွှေမင်းဝံလမ်းမပေါ်တွင် မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကင်းလှည့်ယာဥ်တန်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၁၃ဦး သေဆုံးကြောင်း Kawlin Revolution -KR က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၁) နေ့လည် ၂နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီယာဥ် အသေးနှစ်စီးနှင့် အကြီးတစ်စီးပါယာဥ်တန်းကို ကောလင်းမြိုအရှေ့ဘက် ကားကြီးကွင်းအရှေ့ ရွှေမင်းဝံလမ်းမပေါ်တွင် မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

“နောက်ဆုံးမှပါလာသော ခွေးကားအကြီး ထိခိုက်ခဲ့ပြီး ကားနောက်ခန်းတွင်ပါလာသော စခ အကောင်၁၃ ကောင်ကို လားပင်စင်ပေးလိုက်နိုင် ကြောင်းသိရပါတယ်”ဟု KR က ဆိုသည်။

Public Service Announcement

အခင်းဖြစ်ရာနေရာရှိ သွေးကွက်များကိုလည်းစစ်ကောင်စီတပ်က တာရာကွင်းများဖြင့် မီးရှို့ကာ ဖျောက်ဖျက်ခဲ့သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောအကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်ပွားရာအနီးရှိ ​ဒေသခံပြည်သူ ခုနစ်ဦးကိုလည်း မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် တေယ်လှန်ရေး ရဲဘော်များသည် အထိအခိုက်မရှိ ဘေးကင်းရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။