Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံရဲစခန်း ယ​နေ့ည ဗုံး​​ပေါက်ကွဲမှု လေးကြိမ်ဖြစ်

“ပထမ နှစ်ကြိမ်က အိမ်ပါတုန်ပြီးခါသွားတာ။ ဒုတိယမြောက် ပေါက်တဲ့အချိန် ရဲစခန်းထဲက သေနတ်နဲ့ ပစ်တာ ၁၀ချက်လောက်ရှိတယ်။တဖောင်းဖောင်းနဲ့ “ဟု အခင်းဖြစ် ရဲစခန်းပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်​မြောက်ပိုင်း ရဲစခန်း၌ ယ​နေ့ညပိုင်းက ဗုံး​ပေါက်ကွဲမှုလေးကြိမ်ဖြစ်ခဲ့ကြောင်း အဆိုပါရဲစခန်းအနီးနေထိုင်သူများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၁ရက်)ည ၈နာရီခန့်ကစ၍ ဗုံးပေါက်ကွဲမှူ စတင်ဖြစ်ပွားခဲ့ကာ တစ်ကြိမ်လျှင် ၁၀ မိနစ် မှ၁၅မိနစ်ခန့်သာကွာ၍ ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

“ပထမ နှစ်ကြိမ်က အိမ်ပါတုန်ပြီးခါသွားတာ။ ဒုတိယမြောက် ပေါက်တဲ့အချိန် ရဲစခန်းထဲက သေနတ်နဲ့ ပစ်တာ ၁၀ချက်လောက်ရှိတယ်။တဖောင်းဖောင်းနဲ့ “ဟု အခင်းဖြစ် ရဲစခန်းပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

ထို့အပြင် ည ၈ နာရီခွဲခန့်က ရဲစခန်းလမ်းအတွင်းသို့ အရေးပေါ်လူနာတင်ယာဥ်တစ်စီး ဝင်ရောက်လာသည့်အသံများကြားရသည်ဟုလည်း သိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သုံးကြိမ်မြောက် ပေါက်ပြီးတဲ့အချိန် ၇/၈ လမ်းဆုံ ဘက်ကနေ ရဲစခန်းလမ်းထဲဝင်လာတာပဲ။ဘယ်သူ ထိတယ်ဆိုတာတော့ မသိရသေးဘူး။ ဘယ်သူမှ ထွက်မကြည့်ရဲသေးဘူးလေ”ဟု ၇/၈ လမ်းဆုံအနီးနေထိုင်သူအမျိုးသားတစ်ဦးက ရှင်းပြသည်။

ထို့​နောက် ည ၉နာရီကစ၍ ၇/၈လမ်းဆုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ပိတ်ဆို့ကာ စစ်ဆေးမှုများပြုလုပ်နေပြီး အရပ်ဝတ်လက်နက်ကိုင်အချို့ပါ ရှိနေသည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ​ပြောသည်။

​ဖေ​ဖော်ဝါရီ ၁၉ရက်ကလည်း မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်ရဲစခန်းကို ဗုံးပစ်ကာ စစ်ကူလာသည့်ကားပါ ထပ်မံတိုက်ခိုက်ခဲ့၍ စစ်​ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း စစ်ဆင်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးကို People’s Force (Yangon) အဖွဲ့နှင့် Spring Brothers Force အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဝေးထိန်းမိုင်းနှင့်၄၀(မမ)ဗုံးသီးများအသုံးပြုခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။