Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံရဲစခန်း ယ​နေ့ည ဗုံး​​ပေါက်ကွဲမှု လေးကြိမ်ဖြစ်

“ပထမ နှစ်ကြိမ်က အိမ်ပါတုန်ပြီးခါသွားတာ။ ဒုတိယမြောက် ပေါက်တဲ့အချိန် ရဲစခန်းထဲက သေနတ်နဲ့ ပစ်တာ ၁၀ချက်လောက်ရှိတယ်။တဖောင်းဖောင်းနဲ့ “ဟု အခင်းဖြစ် ရဲစခန်းပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်​မြောက်ပိုင်း ရဲစခန်း၌ ယ​နေ့ညပိုင်းက ဗုံး​ပေါက်ကွဲမှုလေးကြိမ်ဖြစ်ခဲ့ကြောင်း အဆိုပါရဲစခန်းအနီးနေထိုင်သူများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၁ရက်)ည ၈နာရီခန့်ကစ၍ ဗုံးပေါက်ကွဲမှူ စတင်ဖြစ်ပွားခဲ့ကာ တစ်ကြိမ်လျှင် ၁၀ မိနစ် မှ၁၅မိနစ်ခန့်သာကွာ၍ ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

“ပထမ နှစ်ကြိမ်က အိမ်ပါတုန်ပြီးခါသွားတာ။ ဒုတိယမြောက် ပေါက်တဲ့အချိန် ရဲစခန်းထဲက သေနတ်နဲ့ ပစ်တာ ၁၀ချက်လောက်ရှိတယ်။တဖောင်းဖောင်းနဲ့ “ဟု အခင်းဖြစ် ရဲစခန်းပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

ထို့အပြင် ည ၈ နာရီခွဲခန့်က ရဲစခန်းလမ်းအတွင်းသို့ အရေးပေါ်လူနာတင်ယာဥ်တစ်စီး ဝင်ရောက်လာသည့်အသံများကြားရသည်ဟုလည်း သိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သုံးကြိမ်မြောက် ပေါက်ပြီးတဲ့အချိန် ၇/၈ လမ်းဆုံ ဘက်ကနေ ရဲစခန်းလမ်းထဲဝင်လာတာပဲ။ဘယ်သူ ထိတယ်ဆိုတာတော့ မသိရသေးဘူး။ ဘယ်သူမှ ထွက်မကြည့်ရဲသေးဘူးလေ”ဟု ၇/၈ လမ်းဆုံအနီးနေထိုင်သူအမျိုးသားတစ်ဦးက ရှင်းပြသည်။

ထို့​နောက် ည ၉နာရီကစ၍ ၇/၈လမ်းဆုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ပိတ်ဆို့ကာ စစ်ဆေးမှုများပြုလုပ်နေပြီး အရပ်ဝတ်လက်နက်ကိုင်အချို့ပါ ရှိနေသည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ​ပြောသည်။

​ဖေ​ဖော်ဝါရီ ၁၉ရက်ကလည်း မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်ရဲစခန်းကို ဗုံးပစ်ကာ စစ်ကူလာသည့်ကားပါ ထပ်မံတိုက်ခိုက်ခဲ့၍ စစ်​ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း စစ်ဆင်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးကို People’s Force (Yangon) အဖွဲ့နှင့် Spring Brothers Force အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဝေးထိန်းမိုင်းနှင့်၄၀(မမ)ဗုံးသီးများအသုံးပြုခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေး​မြို့မရဲစခန်း အချုပ်ခန်း၌ ရဲများအား ပစ်ခတ်ထွက်ပြေးသွားသူများကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။