Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် နှစ်​ခြောက်လုံး​နေ့၌ ​နေရာသုံးခုတွင် ​ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု မြို့ပြ​ပြောက်ကျားတပ်ဖွဲ့များ​ပြော

အနောက်ဘက်ခြမ်းမှလူများအား ငဲ့ညှာသောအားဖြင့် လွတ်ကင်းရာနေရာတွင်သာ ဖောက်ခွဲခဲ့ကြောင်း၊ ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း မြို့ပြပြောက် ကျားအဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ပြုလုပ်သည့် နှစ်ခြောက်လုံးသပိတ်နေ့၌ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာအခြေစိုက်မြို့ပြပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီလ ၂၂) ညနေ ၃နာရီခွဲတွင် မုံရွာမြို့ရှိ စစ်တပ်ထောက်တိုင် မြန်မာဘီယာရုံးအား လက်လုပ်ဗုံးနှစ်လုံး၊ ညနေ ၃နာရီ၄၃မိနစ်တွင် စစ်တပ်ထောက်တိုင် ကညနရုံးအနောက်ဘက်အား အသံဗုံးတစ်လုံး၊ ညနေ ၃နာရီ၄၄မိနစ်တွင် စက်မှုဇုန်အမှတ်(၂) အနီးတွင် လက်လုပ်ဗုံးတစ်လုံး ဖောက်ခွဲသတိပေးခဲ့ကြောင်း မုံရွာမြို့ပြပြောက်ကျားအဖွဲ့များက အသိပေးသည်။

အနောက်ဘက်ခြမ်းမှလူများအား ငဲ့ညှာသောအားဖြင့် လွတ်ကင်းရာနေရာတွင်သာ ဖောက်ခွဲခဲ့ကြောင်း၊ ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း မြို့ပြပြောက် ကျားအဖွဲ့များက ပြောသည်။

အဆိုပါဖောက်ခွဲမှုများကို GEF-Monywa၊ Monywa Specia ဒိတ်ဒိတ်ကြဲPDF၊ Monywa Revolution PDFတို့ကလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မုံရွာမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသော စည်ပင်၊ ဆည်မြောင်း၊ ကျန်းမာရေး၊ လေကြောင်း၊ လျှပ်စစ်ရုံး အစရှိသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူများကို နိုင့်ထက်စီးနင်းလုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေပါက မိသားစုဝင်များ၏ အသက်ကိုပါ အာမမခံနိုင်ကြောင်း မုံရွာအခြေစိုက် Monywa The Boysအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၂)တွင် သတိပေးသည်။

မုံရွာမြို့တွင် ယနေ့ နှစ်ခြောက်လုံးနေ့၌ အကြမ်းဖက်စစ်ကောင်စီက ဆန္ဒပြပြည်သူများအား လိုက်လံဖြိုခွင်းရာ ၁၆ဦးထက်မနည်းဖမ်းဆီးခံရပြီး ဆန္ဒပြပြည်သူ
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ကိုယ်ဝန်ပျက်ကျခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။