Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်ငါးဖားရွာမှ ဆွံ့အ​နေသူတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးကို စစ်​ကောင်စီတပ်ပစ်သတ်

“ကျွန်မတို့ တောနားက တဲမှာတော့ ထိုင်ရှိခိုးလိုက်လို့ ဆန် ဆီတွေပဲယူသွားကြတယ်။လူမသတ်၊ မီးမရှို့ခဲ့ဘူး” ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

(နတ်ချောင်းရွာကို စစ်ကောင်စီက ယခုနှစ်ဇန်နဝါရီလအတွင်းမီးရှို့ခဲ့သည့် မြင်ကွင်း ။ ဓါတ်ပုံ-CJ)

ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီက ငါးဖားရွာမှ ဆွံ့အနေသူတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားပြီး စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာများအားယူဆောင်သွား​ကြောင်းဒေသခံများကပြောသည်။

ကလေးမြို့ ငါးဖားရွာမှ အရပ်သားနှစ်ဦးကိုယနေ့(ဖေဖော်ဝါရီ ၂၂ရက်)နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီကသတ်ဖြတ်သွားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

” အသတ်ခံရတာက အပြစ်မဲ့ သာမန်ပြည်သူတွေပါ။ဦးအောင်ထွန်းနဲ့ဦးသန်းလှကြီး။သန်းလှကြီးဆိုစကားမပြောတတ်တဲ့ သူတစ်ယောက်ပါ။ ဘာမှ မသိတဲ့သူတစ်ယောက်။ဘာအပြစ်မှမရှိတဲ့သူတစ်ယောက် ကို ဘာလို့သတ်လိုက်တာလဲ ပြောစရာစကားကိုမရှိတော့ဘူး”ဟု မြို့ခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ်နတ်ချောင်းရွာနှင့်နတ်မြောင်းရွာမှ နေအိမ်အချို့ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ခဲ့ပြီး နတ်ချောင်းနှင့်ကပ်လျက်ရှိသောဖားငါးရွာကိုလည်း အထက်ပါကဲ့သို့အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။ ရွာအတွင်မနေရဲ၍ ရွာအပြင်ဘက်တောစပ်တွင် ယာယီစစ်ရှောင်စခန်းဆောက်လုပ်နေသူများ၏စားနပ်ရိက္ခားများကိုလည်းလုယက်ယူဆောင်သွားသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်မတို့ တောနားက တဲမှာတော့ ထိုင်ရှိခိုးလိုက်လို့ ဆန် ဆီတွေပဲယူသွားကြတယ်။လူမသတ်၊ မီးမရှို့ခဲ့ဘူး” ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

နတ်ချောင်းရွာသည် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဖျက်ဆီးမှုကို မကြာခဏရင်ဆိုင်နေရပြီး ဒေသခံများ နေရပ်စွန့်ခွာနေရသည့် အိမ်ခြေနှစ်ထောင်ခန့်ရှိသော ရွာကြီးဖြစ်သည်။ ဒီဇင်ဘာလအတွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွင်အရပ်သားသုံးဆယ်ဦးထက်မနည်းကိုစစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။