Connect with us

Hi, what are you looking for?

News

ကနီတွင် စစ်​ကောင်စီတပ်ကို​ ဒေသခံPDFများ​ တိုက်ခိုက် စစ်သား ၂၀ ဝန်းကျင်​သေဟု KLG PDFထုတ်ပြန်

KLG PDFနှင့် ကနီမြို့နယ် မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော်သုံးယောက် ကျည်ထိမှန်ခဲ့​သော်လည်း မစိုးရိမ်ရကြောင်းလည်းပါရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးသူနှင့် ဒဏ်ရာရသူများကို ပြည်သူပိုင်လှေများဖြင့် ကနီမြို့သို့သယ်ဆောင်သွားကြောင်း KLG PDFက ပြောသည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်​ခြောက်လုံး​နေ့တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂၀ ဝန်းကျင်​သေဆုံးနိုင်ကြောင်း Kani People’s Defense Force -KLG PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်နေ့)နံနက် ၇ နာရီခန့်က ကနီမြို့နယ် ငါးဖျက်ရွာနှင့် ပန်းဆိုင်ရွာကြားတွင် KLG PDFနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ KLG PDFမှ တိုက်မိုင်းထောင်ကာတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးနှင့် ပါပစ်ခတ်ခဲ့၍ ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်းထုတ်ပြန်သည်။ ထို့​နောက် နံနက် ၉ နာရီခန့်မှ ညနေ ၄ နာရီခန့်အတွင်းကလည်း KLG PDFနှင့် ကနီမြို့နယ် ဒေသတွင်းမဟာမိတ် တပ်ပေါင်းစုများက စစ်​ကောင်စီတပ်ကိုထပ်မံစုပေါင်းတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၁၂ ဦးခန့်​သေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်ပေါင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးနိုင်ကာ အများအပြားထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း KLG PDFက အသိပေးသည်။

KLG PDFနှင့် ကနီမြို့နယ် မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော်သုံးယောက် ကျည်ထိမှန်ခဲ့​သော်လည်း မစိုးရိမ်ရကြောင်းလည်းပါရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးသူနှင့် ဒဏ်ရာရသူများကို ပြည်သူပိုင်လှေများဖြင့် ကနီမြို့သို့သယ်ဆောင်သွားကြောင်း KLG PDFက ပြောသည်။

“ဖြစ်တဲ့နေရာက ချင်းတွင်းမြစ်ဘေးလည်းဟုတ်တယ်။ မုံရွာကနီကားလမ်းဘေးလည်းဟုတ်တယ်။ အကြမ်းဖက်စစ်တပ်က ၁၉ ရက်နေ့ကနေ ဒီကနေ့ ၂၂ ရက်နေ့အထိ ကနီနယ် ဝင်မနားစခန်းကနေ ဝက်ချောင်းလေးရွာ၊ချိုင်ရွာ၊ အိုင်တောင်ရွာ၊ ချိုင်ရွာ၊ မုဋ္ဌာ၊ ငါးဖျက်၊ ပန်းဆိုင်း ညောင်ပင်ဝန်း အခု ကနီကို ရောက်သွားပြီ။ တိုက်တာကတော့ မနက်ခင်းထဲက တိုက်တာ။မနက်ခင်းက ကျွန်တော်တို့ အဖွဲ့တစ်ဖွဲ့ထဲ။ ကိုးနာရီလောက်မှာ အခြားမဟာမိတ်အဖွဲ့တွေ ရောက်လာတယ်”ဟု KLG PDFမှ တာဝန်ရှိသူက​ People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

ဒုတိယအကြိမ်တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား ၁၅ဝ ဝန်းကျင်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးခန့်သေဆုံးနိုင်ကာ ၉ ဦးခန့်ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း၊ ညောင်ပင်ဝန်းအနီး မြစ်ကြောင်းတစ်လျှောက်မှ ကနီမြို့အထိ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် မုံရွာခရိုင်တပ်ရင်း၁၊ ကနီတပ်ခွဲ MPDF က အသိပေးသည်။

ကနီနယ်မှ KLG PDFအပါအဝင် မဟာမိတ်အဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီတပ်အား ရရာလက်နက်ဖြင့် ခုခံတိုက်ခိုက်နေပြီး အကူအညီများလည်းလိုအပ်နေသည်ဟု ကနီဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

“တချို့ရဲဘော်တွေအတွက် နေစရာအိမ်မရှိချင်နေပါ တိုက်စရာလက်နက်ရှိရင် အဆင်ပြေပြီဗျ။ အဲဒီတော့ အများပြည်သူများ နိုင်တဲ့အားလေးနဲ့ ဝိုင်းဝန်းကူညီပေးကြပါဦးလို့ ပြောကြားချင်ပါတယ်ဗျ”ဟု KLG PDF တာဝန်ရှိသူကဆက် ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်ကလည်း KLG PDFနှင့် မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်းပြီး ကနီမြို့နယ် ရေလယ်ကျွန်းရွာ၌ တပ်ဆွဲထားသော စစ်​ကောင်စီတပ်နှင့် ပျူများကြီးစိုးရာနေရာပေါ်သို့ ဒရုန်းဖြင့်သုံးကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။