Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် လက်နက်ကြီးအကြောင်းမဲ့ ပစ်ခတ်၍ ဖယ်ခုံဒေသခံ ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာနေ အသက် ၇၂နှစ်အရွယ် ဦးဘန်းဂျေလို နှင့် အသက် ၁၄နှစ်အရွယ် မကယ်ရိုမင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၍ ဖယ်ခုံမြို့နယ်ဒေသခံ ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါ နယ်မြေအတွင်း စစ်ရေးသတင်းများကို ရေးသားဖော်ပြနေသည့် ဒေသခံတစ်ဦးက အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၃ရက် နံနက် ၈နာရီခန့်တွင် မိုးဗြဲမြို့ အခြေစိုက် (၄၂၂)တပ်မှ ဖယ်ခုံမြို့နယ် ကဖုရွာကို လက်နက်ကြီးဖြင့် ​ခြောက်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

စစ်ကောင်စီ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာနေ အသက် ၇၂နှစ်အရွယ် ဦးဘန်းဂျေလို နှင့် အသက် ၁၄နှစ်အရွယ် မကယ်ရိုမင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း-ကယားနယ်စပ် ဆောင်ကန်းရွာကိုလည်း လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူလူထု နေထိုင်ရာ ကျေးရွာရပ်ကွက် သို့ အကြောင်းမဲ့ ပစ်ခတ်ခြင်းသည် စစ်ကောင် စီတပ်၏ လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဖယ်ခုံဒေသခံများ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။