Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ် လက်နက်ကြီးအကြောင်းမဲ့ ပစ်ခတ်၍ ဖယ်ခုံဒေသခံ ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာနေ အသက် ၇၂နှစ်အရွယ် ဦးဘန်းဂျေလို နှင့် အသက် ၁၄နှစ်အရွယ် မကယ်ရိုမင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၍ ဖယ်ခုံမြို့နယ်ဒေသခံ ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါ နယ်မြေအတွင်း စစ်ရေးသတင်းများကို ရေးသားဖော်ပြနေသည့် ဒေသခံတစ်ဦးက အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၃ရက် နံနက် ၈နာရီခန့်တွင် မိုးဗြဲမြို့ အခြေစိုက် (၄၂၂)တပ်မှ ဖယ်ခုံမြို့နယ် ကဖုရွာကို လက်နက်ကြီးဖြင့် ​ခြောက်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

စစ်ကောင်စီ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ကဖုရွာနေ အသက် ၇၂နှစ်အရွယ် ဦးဘန်းဂျေလို နှင့် အသက် ၁၄နှစ်အရွယ် မကယ်ရိုမင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း-ကယားနယ်စပ် ဆောင်ကန်းရွာကိုလည်း လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူလူထု နေထိုင်ရာ ကျေးရွာရပ်ကွက် သို့ အကြောင်းမဲ့ ပစ်ခတ်ခြင်းသည် စစ်ကောင် စီတပ်၏ လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဖယ်ခုံဒေသခံများ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။