Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုနယ်တွင် အကြမ်းဖက်စစ်​​ကောင်စီတပ် တိုက်​လေယာဥ်ဖြင့် ဗုံးကြဲမှု​ကြောင့် ပြည်သူနှစ်ဦး​သေဆုံး၊ ​လေးဦးဒဏ်ရာပြင်းထန်

နန်းမယ်ခုံ ဒေသတစ်ဝိုက်ကို တပ်စွဲနိုင်ရန် အတွက် အကြမ်းဖက်စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၅ နာရီကစတင်ကာ လက်နက်ကြီးများ စတင်ပစ်ခတ်၍ နယ်မြေကျူးကျော် စစ်ကြောင်းထိုးမှုများပြုလုပ်လာခဲ့ကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက အသိပေးသည်။

ကရက်နီပြည်နယ်တွင် ယ​နေ့(ဖေ​ဖော်ဝါရီ ၂၃) ည​နေပိုင်းက အကြမ်းဖက်စစ်​ကောင်စီတပ်၏ တိုက်​လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒီးမော့ဆိုမြို့နယ်၊ဆီးလီဒုန်း ​ကျေရွာ​နေပြည်သူနှစ်ဦး ဗုံးထိမှန်​သေဆုံးပြီး ​လေးဦးပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန် သည်။

(ဗုံးကြဲတိုက်ခိုက်​နေ​သော စစ်​ကောင်စီတပ်တိုက်​လေယာဥ်နှင့် ဒဏ်ရာရ​နေ​သော ပြည်သူတစ်ဦး​ဆေးကုသမှုခံယူ​နေစဥ်၊ ဓာတ်ပုံ – KNDF)

ထို့အပြင် တစ်​နေကုန်းနီးပါ အကြမ်းဖက်စစ်​ကောင်စီ၏ အ​မြောက်လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းမယ်ခုံ ​ကျေးရွာတွင်လည်း နေအိမ်များမီး​လောင်​နေသည်ဟု ဆိုသည်။

Public Service Announcement

နန်းမယ်ခုံ ဒေသတစ်ဝိုက်ကို တပ်စွဲနိုင်ရန် အတွက် အကြမ်းဖက်စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၅ နာရီကစတင်ကာ လက်နက်ကြီးများ စတင်ပစ်ခတ်၍ နယ်မြေကျူးကျော် စစ်ကြောင်းထိုးမှုများပြုလုပ်လာခဲ့ကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက အသိပေးသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများပြင်းထန်လျက်ခဲ့ပြီး ည​နေ၆နာရီခန့်အထိ တိုက်ခိုက်ရေး ဂျက်လေယာဉ်နှစ်စီးဖြင့် ငါးကြိမ်ထက်မနည်းပစ်ခတ်ခြင်းနှင့် ဒုံးပစ်ချခြင်းများပြုလုပ်ပြီး တရစပ် ထိုးစစ်ဆင်လျက်ရှိသည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်တွင် တိုက်ပွဲများမှာ ၈ရက် ကြာသည်အထိ ဆက်လက်ပြင်းထန်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၆၀ဦးထက်မနည်း ကျဆုံးခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်များမှလည်း ထိခိုက်ကျဆုံးမှုများ နေ့စဥ်နှင့်အမျှရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။