Connect with us

Hi, what are you looking for?

News

အ​နောက်​မြောက်လွင်ပြင်တိုက်ပွဲတွင် မုံရွာမြို့ UG​​ခေါင်း​ဆောင်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း မုံရွာခရိုင် အနောက်မြောက်လွင်ပြင် တိုက်ပွဲတစ်ခုတွင် မုံရွာမြို့ မြို့ပြ UGခေါင်းဆောင်တစ်ဦးကျဆုံးခဲ့ရသည်။

မုံရွာမြို့ မြို့ပြပြောက်ကျားအဖွဲ့(Monywa Nightking) ၏ခေါင်းဆောင် Blacki (ခ) ကိုထွန်းထွန်းဝင်းခေါ် ကိုငယ်လေးသည် ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်) အနောက်မြောက်လွင်ပြင်တိုက်ပွဲတစ်ခု၌ ကျဆုံးသွားကြောင်း ဝမ်းနည်းစွာအသိပေးအပ်ပါသည်ဟု Monywa Nightking အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၃ရက်) သတင်းထုတ်ပြန်သည်။

လက်ရှိအခြေအနေတွင် Monywa Nightking အဖွဲ့အား ဗိုလ်ငချိတ်မှ ဦးဆောင်ကာ လုပ်ဆောင်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျဆုံးခေါင်းဆောင်အား အလေးနီပြုပြီး အမိန့်ပြန်တမ်းကိုမူ အရေးတော်ပုံအောင်ခါမှ ထုတ်ပြန်မည်ဟု Monywa Nightking အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။

သတင်း

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

သတင်း

စစ်တပ်အရာရှိအပါအဝင် သေဆုံးမှုရှိဟုဆို

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။

Facebook