Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်အရာရှိအပါအဝင် ၆ ဦးဒဏ်ရာရ၊ပြည်သူနှစ်ဦးကိုစစ်​ကောင်စီတပ်ဖမ်းဆီးသတ်ဖြတ်

တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှအရာရှိတစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှထိခိုက်ဒဏ်ရာရရှိမူမရှိခဲ့ဟုလည်း PDF(Kalay)ထုတ်ပြန်ချက်တွင်ပါရှိသည်။

(က​လေးမြို့နယ်ရှိ ​ကျေးရွာတစ်ရွာကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး ​နေစဥ်) ဓါတ်ပုံ-CDF(KKG)

ကလေးမြို့တောင်ပိုင်း မှန်တောရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၆ဦး ဒဏ်ရာရရှိခဲ့​ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တ
(PDF-Kalay)က ယနေ့ထုတ်ပြန်လိုက်သည်။

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်းလည်း​ဖော်ပြထားသည်။

က​လေးမြို့နယ်ကြံသာရွာနှင့်ဟံသာဝတီရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်က မှန်တောရွာသို့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းစစ်​ကြောင်းထိုးလာစဉ် ဒေသခံကာကွယ်ရေးတပ် ၅ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များက မှန်တောရွာတွင် မွှေနှောက်ဖျက်ဆီးပြီးနောက် ရွာအနောက်ဘက်ကို ရွှေ့လျားလာစဉ် ဖေဖော်ဝါရီ ၂၃ ရက် မနက် ၁၀ နာရီခန့်တွင် ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ် ကြံသာရွာဘက်ကိုကြံသာရွာဘက်သို့ဆုတ်ခွာသွားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှအရာရှိတစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှထိခိုက်ဒဏ်ရာရရှိမူမရှိခဲ့ဟုလည်း PDF(Kalay)ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်​ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CDF – KKG (ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ) ၊ CDF – Thantlang (ချင်းပြည်ကာကွယ်ရေးတပ်-ထန်တလန်) , ၊ PDF – Kalay(ပြည်သူ့ကာကွယ်ရေးတပ်-ကလေး) ၊ RKDF (ရိန်းဂျား ကလေးပြည်သူ့ကာကွယ်ရေးတပ်) နှင့် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) များကပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တောလမ်းမှတဆင့် မှန်တောရွာအနောက်ဖက်မှ ရွာတွင်းသို့ဝင်ရောက်လာခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များနှင့် (၂) နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု CDF-KKGကလည်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် CDF – KKG တပ်ဖွဲ့ဝင်များထောင်ထားသည့် တိုက်မိုင်းများတိုက်မိခြင်း ၊ ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး၊ငယ်များဖြင့်ပြန်လည်ပစ်ခတ်မှုများကြောင့်ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟုလည်းCDF-KKGကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ ဖြတ်သန်းသွားသည့် နတ်မြောင်း၊ နတ်ချောင်း၊ ငဖား၊ ဟဲလုပ်၊ ခွေကြိမ်၊ သံဖိုရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ငဖားရွာမှ ဆွံအနေသူတစ်ဦးအပါအဝင် ပြည်သူ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့​ကြောင်းလည်း PDF(Kalay)ကထုတ်ပြန်ထားသည်။

ထိုအပြင် သံဖိုကျေးရွာတွင် ပြည်သူလူထု နေအိမ်၊ဆန်စက်၊ ​ဆိုင်ကယ် စသည်တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှိုဖျက်ဆီးခဲ့သည်ဟု CDF(KKG)ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။