Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တွင် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချသည့်ဆိုင်များကို အရေးယူတော့မည်ဟု YUG ကြေညာ

ယင်းသတိပေးချက်ကို လိုက်နာခြင်းမရှိသည့်ဆိုင်များကို အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဟု YUGကသတိပေးထားသည်။

မြန်မာဘီယာအပါအဝင် အကြမ်းဖက်စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ခြင်းချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်ရောင်းချနေသည့် ဆိုင်များကို ဖက်စစ်ထောက်တိုင်များအဖြစ်သတ်မှတ်ကာ ရှင်းလင်းသွားမည်ဟု Yangon Urban Guerrillas – YUG က‌ ယနေ့(ဖေဖော်ဝါရီ ၂၄) ကြေညာချက်ထုတ်ပြန်သည်။

စစ်တပ်ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာကို သပိတ်မှောက်ရန် ‌တော်လှန်ရေးအဖွဲ့များက သတိပေးနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ဆက်လက်ရောင်းချနေသည့်ဆိုင်များရှိနေသောကြောင့် ရန်ကုန်ရှိ မြို့နယ် ၉ ခုမှ စားသောက်ဆိုင်နှင့်ကုန်စုံဆိုင် ၁၅ဆိုင်ကို YUG အနေဖြင့် သတိပေးဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဏာရှင်စနစ် ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်ထောက်တိုင်များနှင့် သွေးစွန်းငွေများ ဖြတ်တောက်ရမည်ဖြစ်ပြီး စစ်တပ်ထုတ်ကုန်များကို ဝယ်ယူအားပေးခြင်းသည် ဖက်ဆစ်လုပ်ရပ်များကို ငွေပေးနေခြင်းဖြစ်သည့်အတွက် ထိုသို့ သုံးစွဲဝယ်ယူသူများကို လူ့အခွင့်အရေးချိုးဖောက်သူများ၊ ဖက်ဆစ်အားပေးများအဖြစ် မှတ်ယူမည်ဟု YUG က‌ ထုတ်ပြန်သည်။

ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များကို ဆိုင်များ၌ လုံဝမရောင်းရန် သတိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသတိပေးချက်ကို လိုက်နာခြင်းမရှိသည့်ဆိုင်များကို အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဟု YUGကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

​ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ အ​ရေးယူ ဒဏ်ခတ်မှု​တွေ​ရှောင်ရှားနိုင်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာမှ ​ဒေဝါလီ ခံထားတာဖြစ်​ပေမယ့် အ​မေရီကန် အစိုးရရဲ့ အ​ရေးယူပိတ်ဆို့မှုကို မ​ရှောင်လွဲနိုင်ခဲ့ပါဘူး။

ဆောင်းပါး

ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကျည်လည်ခဲ့ဖူးတဲ့ မြို့ရန်ကုန်ဟာ ကျနော့်အဖို့ ဒုတိယအိမ်ဆိုလည်း မမှားပေဘူး။ သို့ပေမဲ့ စစ်အုပ်စု အာ ဏာသိမ်းပြီး လပိုင်းအကြာမှာပဲ မြို့ရန်ကုန်​နဲ့ ခွဲခဲ့ရတယ်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။