Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချသည့်ဆိုင်များကို အရေးယူတော့မည်ဟု YUG ကြေညာ

ယင်းသတိပေးချက်ကို လိုက်နာခြင်းမရှိသည့်ဆိုင်များကို အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဟု YUGကသတိပေးထားသည်။

မြန်မာဘီယာအပါအဝင် အကြမ်းဖက်စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ခြင်းချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်ရောင်းချနေသည့် ဆိုင်များကို ဖက်စစ်ထောက်တိုင်များအဖြစ်သတ်မှတ်ကာ ရှင်းလင်းသွားမည်ဟု Yangon Urban Guerrillas – YUG က‌ ယနေ့(ဖေဖော်ဝါရီ ၂၄) ကြေညာချက်ထုတ်ပြန်သည်။

စစ်တပ်ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာကို သပိတ်မှောက်ရန် ‌တော်လှန်ရေးအဖွဲ့များက သတိပေးနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ဆက်လက်ရောင်းချနေသည့်ဆိုင်များရှိနေသောကြောင့် ရန်ကုန်ရှိ မြို့နယ် ၉ ခုမှ စားသောက်ဆိုင်နှင့်ကုန်စုံဆိုင် ၁၅ဆိုင်ကို YUG အနေဖြင့် သတိပေးဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဏာရှင်စနစ် ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်ထောက်တိုင်များနှင့် သွေးစွန်းငွေများ ဖြတ်တောက်ရမည်ဖြစ်ပြီး စစ်တပ်ထုတ်ကုန်များကို ဝယ်ယူအားပေးခြင်းသည် ဖက်ဆစ်လုပ်ရပ်များကို ငွေပေးနေခြင်းဖြစ်သည့်အတွက် ထိုသို့ သုံးစွဲဝယ်ယူသူများကို လူ့အခွင့်အရေးချိုးဖောက်သူများ၊ ဖက်ဆစ်အားပေးများအဖြစ် မှတ်ယူမည်ဟု YUG က‌ ထုတ်ပြန်သည်။

ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များကို ဆိုင်များ၌ လုံဝမရောင်းရန် သတိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသတိပေးချက်ကို လိုက်နာခြင်းမရှိသည့်ဆိုင်များကို အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဟု YUGကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။