Connect with us

Hi, what are you looking for?

News

တောင်သာ-အင်းတောလမ်းဆုံတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ သုံးဦးထိပြီး သေဆုံးမှုရှိနိုင်

ယနေ့နံနက် ၇ နာရီခန့်က တောင်သာ-အင်းတောလမ်းဆုံအနီးဆိုင်ကယ်စီးလာသော စစ်ကောင်စီတပ်သားခြောက်ဦးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

မန္တလေးတိုင်း တောင်သာမြို့နယ်တွင် ဆိုင်ကယ်ဖြင့်လာသော စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် Zero TTA အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၅)ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်က တောင်သာ-အင်းတောလမ်းဆုံအနီးဆိုင်ကယ်စီးလာသော စစ်ကောင်စီတပ်သားခြောက်ဦးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အင်းတဲရွာကို ကင်းလာထောက်တာ ။ ကျွန် တော်တို့ တပ်ဖွဲ့ဝင် Zero TTA က မိုင်းနှစ်လုံးတွဲ နဲ့ တိုက်ခိုက်ခဲ့တယ်။မျက်မြင်အရ ဆိုတစ်ကောင်တော့ နေရာမှာတင် သေနိုင်တယ်။နှစ်ကောင်ပစ်လဲသွားတယ်”ဟု Zero ​ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တောင်သာ-အင်းတောလမ်းဆုံအနီးရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို တိုက် ခိုက်ရာတွင် မိုင်းထောင်ထားသည့်နေရာသို့ စစ်ကောင်စီတပ်သားသုံးဦးရောက်ရှိချိန် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦးအနက် နှစ်ဦးမိုင်းထိလဲကျကာ ကျန်တစ်ဦးမှာ သေဆုံးနိုင်ဖွယ်ရှိကြောင်း Zero ပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။