Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ဘေးဒုက္ခသည်စခန်းကိုစစ်​ကောင်စီတပ်ကPDFစခန်းဟုစွပ်စွဲလက်နက်ကြီးဖြင့်ပစ်၍ စစ်​ဘေး​ရှောင်ပြည်သူများထပ်မံထွက်​ပြေး​နေရ၊ စစ်​ရှောင်တစ်ဦးဒဏ်ရာအပြင်းထန်ရ

ကလေးမြို့ သံဖိုရွာမှ အရပ်သားများသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရန်ကိုကြောက်၍ ရွာအနီးရှိ ချင်းတောင်ခြေတွင် ယာယီတဲများထိုး၍ ပုန်းရှောင်နေသည်ကို စစ်ကောင်စီက လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ဘေးဒုက္ခသည်စခန်းကို အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ထပ်မံ​ထွက်​ပြေး​နေရ​သောစစ်​​ဘေး​ရှောင်ပြည်သူများ ။ ဓါတ်ပုံ-CJ)

ကလေးမြို့အနီး ချင်းတောင်ခြေတွင် အရပ်သားများ ခိုလှုံနေသည့် စစ်ဘေးရှောင်တဲ့စခန်းကို PDF စခန်းဟု စစ်ကောင်စီက စွပ်စွဲကာ လက်နက်ကြီးများဖြင့်ပစ်ခတ် ဖျက်ဆီးလိုက်၍ အရပ်သားများ ထပ်မံထွက်ပြေးနေရသည်။

ကလေးမြို့ သံဖိုရွာမှ အရပ်သားများသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရန်ကိုကြောက်၍ ရွာအနီးရှိ ချင်းတောင်ခြေတွင် ယာယီတဲများထိုး၍ ပုန်းရှောင်နေသည်ကို စစ်ကောင်စီက လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ဘေးရှောင်စခန်းကို PDFစခန်းဆိုပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး သိမ်းယူသွားတာ။လက်နက်ကြီးထိလို့ စစ်ဘေးရှောင်တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။
ချောင်းခွရွာက အမျိုးသမီး သုံး ယောက်မီးရှို့သတ်ခံရတာလည်း အဲဘက် သွားရင်း ဖမ်းပြီး သတ်သွားကြတာ” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနေ့မတိုင်ခင် ဖေဖော်ဝါရီ ၂၂ရက်က ချောင်းခွရွာမှ သားအမိသုံးဦးသည် စစ်ဘေးရှောင်စခန်းသို့သွားရောက်စဉ် စစ်ကောင်စီက လမ်းခုလတ်၌ ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကလေးမြို့နယ် ၊ချောင်းခွကျေးရွာမှ မိခင်ဖြစ်သူဒေါ်ငွန်ဇာလျန်(၄၀)နှစ်၊ သမီးဖြစ်သူ မချန်းနွန်ကြွန်း ( ၁၆နှစ်)သမီးငယ် မငွန်ဇာချန်း ( ၁၄နှစ်)တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂တွင် ဖမ်းဆီးသွားပြီး မီးရှို့ထားသည့် ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၂၄ရက်တွင်ဒေသခံများက ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

သံဖိုရွာသည် အိမ်ခြေလေးရာခန့်ရှိသည့်ရွာဖြစ်ပြီး ဒေသခံများသည် တောထဲတောင်ထဲတွင် ပင်ပန်းဆင်းရဲစွာ စစ်ဘေးရှောင်နေရသည်ဟု ဘဝတူစစ်ဘေးရှောင်ပြည်သူများက လူထုနွေဦးသို့ပြောသည်။

“ကျမတို့ကလေး နယ်က ရွာတွေ သူ့ရွာဟာ ကိုယ်မကယ်နိုင်၊ ကိုယ့်ရွာ သူမကယ်နိုင်တော့တဲ့ ဘဝ​တွေဖြစ်နေပြီ။ ကိုယ့်ရွာကို စစ်ခွေးတွေမလာရင် အေးချမ်းသလိုနေနေရတယ်။ လာတယ်ကြားရင်ပြေးကြရပြီ။ အဲလို ဖြစ်နေတော့တာ” ဟု ကလေးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သးတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။