Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုရှိ လိုဘာခိုရွာကို စစ်​ကောက်စီတပ် ​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်​နေ

“လက်ရှိ စစ်ရေးအနေအထားအရတော့ အရေးအကြီးဆုံးအခြေအနေပဲလို့ ပြောပါရစေ။ရှေ့လျှောက် တိုက်ပွဲတွေ ပြင်းထန်လိမ့်မယ်။ကရင်နီပြည်နယ်ကို ဝိုင်းကူ ကြပါလို့ပဲ တောင်းဆိုပါရစေ”ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ခြမ်းရှိ လိုဘာခို​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ​​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၇) နံနက် ၈နာရီခန့်က စတင်၍ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင့် လေယာဥ် များအသုံးပြု တိုက်ခိုက်နေသည်ဟု ၎င်းတို့က ဆိုသည်။

“ဒီပုံစံအတိုင်းဆိုရင် ကရင်နီပြည်တခုလုံးကို အကြမ်းဖက်စစ်တပ်က တိုက်ဖို့များတယ်။လိုဘာခို ကျေးရွာဆိုတာ တောင်ငူဘက်က စစ်ခွေးတပ်တွေ တောက်လျှောက်ဝင်လို့ရတယ်။ ဒါ့ကြောင့် သူတို့ ဝင်ပေါက်ကို အရင်ရှင်းနေတယ်လို့ သုံးသပ်လို့ရတယ်။ပြီးရင် တပ်ရင်းတွေအလိုက် စစ်ထိုးကြမယ်လို့ သုံးသပ်ရတယ်”ဟု ကရင်နီပြည်နယ်ရှိ ဒေသခံတစ်ဦးက ပြော သည်။

ထို့ကြောင့် ကရင်နီ ပြည်နယ်ကို အတိုင်းအဆမရှိ စစ်ထိုးရန် အကြမ်းဖက်စစ်တပ်၏ အားထုတ်နေမှုကို ပြည်သူများအနေဖြင့် လူအား၊ငွေအား အပါအဝင် သတင်းများ ပေးပို့ပေးကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ စစ်ရေးအနေအထားအရတော့ အရေးအကြီးဆုံးအခြေအနေပဲလို့ ပြောပါရစေ။ရှေ့လျှောက် တိုက်ပွဲတွေ ပြင်းထန်လိမ့်မယ်။ကရင်နီပြည်နယ်ကို ဝိုင်းကူ ကြပါလို့ပဲ တောင်းဆိုပါရစေ”ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလလယ်က စတင်ခဲ့သော ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်များတွင် မြေပြင် စစ်ကြောင်း၊လက်နက်ကြီး နှင့် သံချပ်ကာ ယာဥ်များကို ခုခံတိုက်ခိုက်နိုင်သော်လည်း လေယာဥ်ဖြင့် တိုက်ခိုက်ခံနေရ ခြင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် အထိအခိိုက် အကျဆုံးများရှိနေရသည်။

ထို့ကြောင့် လေယာဥ်ပစ်လက်နက်များဝယ်ယူနိုင်ရေး တွင် ပြည်တွင်း၊ပြည်ပ နေပြည်သူများ ငွေအားပါဝင်ပေးကြရန် ကရင်နီပြည်သူ့ကာ ကွယ်ရေးတပ်များက တိုက်တွန်းလျက်ရှိသည်။

ဖေဖော်ဝါရီ ၁၆ ရက်ကစ၍ မိုးဗြဲ၊ဖယ်ခုံနှင့် ဒီးမော့ဆို မြို့နယ်များအတွင်း တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၀၀ကျော် သေဆုံးကာ ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှလည်း ၃၀ကျော် ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။